Connect with us

Politics, Law & Military

လာမည့်လ အတွင်း တရုတ်၊ ကိုရီးယား ပင်လယ် ရေပိုင်နက် စတင် သတ်မှတ်မည်

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်အား သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ပင်လယ် ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ခြင်းအား လာမည်လ အတွင်း စတင် ဆွေးနွေးမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ပြောသည်။

“စေ့စပ် ဆွေးနွေးမှုများ၊ အကြံပေး ညှိနှိုင်းမှုများနဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ခြင်းအတွက် မျှတတဲ့ ဖြေရှင်းချက် တွေဟာ ပင်လယ်ပြင် တည်ငြိမ် အေးချမ်းရေးနဲ့ နှစ်နိုင်ငံ ရင်းရင်းနှီးနှီး ပူးပေါင်း ဆောင်ရွက်မှု အတွက် အရေးပါ ပါတယ်” ဟု ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဟွာက ပြောသည်။

တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ပင်လယ်ရေပြင် ကိစ္စရပ်များနှင့် ဒေသတွင်း ရင်ဆိုင်နေရသော အလားတူ ပြဿနာများအား ပုံစံတစ်ခုထား ပုံဖော်ရန် ကိစ္စများတွင် တစ်သဘောတည်း ဖြစ်ကြောင်း ဟွာက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း ပင်လယ် ရေပိုင်နက် သတ်မှတ်တိုင်းတာရန် စတင် ဆောင်ရွက်မည်ဟု ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း သမ္မတ ရှီကျင့်ဖိန် တောင်ကိုရီးယား နိုင်ငံသို့ လာရောက် လည်ပတ်စဉ်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117