Connect with us

Africa & Middle East

နိုင်ငံများစွာ၏ အသိအမှတ်ပြုခြင်းကို ရင်ဆိုင်ရသော်လည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မည်မဟုတ်ဟု နေတန်ယာဟု ဆို

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖန်သားပြင်ထက်ရှိ ဂါဇာကမ်းမြောင်ဒေသ မြေပုံအား ညွှန်ပြနေသော အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့သည် စက်တင်ဘာ ၂၁ ရက်တွင် ပါလက်စတိုင်းနိုင်ငံအား အသီးသီး အသိအမှတ်ပြုခဲ့ကြသည်။ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပါလက်စတိုင်းနိုင်ငံကို ထူထောင်နိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။
နေတန်ယာဟုက ကြေညာချက်အတွင်း၌ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် “အကြမ်းဖက်ဝါဒ” အတွက် အားပေးအားမြှောက် လုပ်ဆောင်နေကြောင်း ပြစ်တင်ပြောကြားခဲ့သည်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းနိုင်ငံ ရှိလာမည်မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။
နေတန်ယာဟုက နှစ်ပေါင်းများစွာအတွင်း ၎င်းသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုအား တားဆီးရန် ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေရကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် အစ္စရေး၏ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အခြေချနေထိုင်ရန်နေရာ ပမာဏသည် ဆတိုး၍ တိုးပွားလာပြီဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် “အဆိုပါလမ်းတစ်လျှောက်အတိုင်း ဆက်လက်လျှောက်လှမ်း” သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေတန်ယာဟုက ၎င်းအနေဖြင့် အမေရိကန်သို့ ခရီးစဉ်သွားရောက်၍ ပြန်လည်ရောက်ရှိပြီးနောက် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
နေတန်ယာဟုသည် စက်တင်ဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်သို့ ရောက်ရှိပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ သာမန်အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်သွားမည်ဖြစ်ကာ စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ထို့ပြင် အစ္စရေးမီဒီယာ၏ စက်တင်ဘာ ၂၁ ရက်တွင် သတင်းဖော်ပြချက်အရ အထက်ပါ “အသိအမှတ်ပြုမှု ရေစီးကြောင်း” နှင့် စပ်လျဉ်း၍ အစ္စရေး၏ လက်ယာစွန်း အစိုးရအဖွဲ့ဝင်များက အစ္စရေးကို ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အချုပ်အခြာအာဏာကျင့်သုံးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် လက်ယာစွန်း နိုင်ငံရေးပါတီအဖွဲ့ဝင်၊ အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က လူမှုမီဒီယာ၌ ၎င်းအနေဖြင့် အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပြုချက် တင်ပြ၍ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အစ္စရေး၏ အချုပ်အခြာအာဏာအား ချက်ချင်းကျင့်သုံးရန် တောင်းဆိုခဲ့သည်။ လက်ယာစွန်းနိုင်ငံရေးပါတီ အဖွဲ့ဝင်၊ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich ကမူ ယခုအကြိမ် “အစ္စရေး ဆန့်ကျင်ရေး လှုပ်ရှားမှု” အပေါ် တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အချုပ်အခြာအာဏာ ကျင့်သုံးခြင်းပင်ဖြစ်သည်ဟု ဆိုခဲ့သည်။ (Xinhua)

———————–
(Chinese Version)
面对多国承认 内塔尼亚胡宣称巴勒斯坦国不会被建立
新华社耶路撒冷9月21日电(记者陈君清 路一凡)英国、加拿大和澳大利亚21日分别宣布承认巴勒斯坦国,以色列总理内塔尼亚胡当日发表声明宣称,巴勒斯坦国不会被建立。
内塔尼亚胡在声明中指责上述承认巴勒斯坦国的国家正在为“恐怖主义”提供奖励。他称,约旦河西岸不会有巴勒斯坦国。
内塔尼亚胡称,多年来他面对巨大压力阻止巴勒斯坦国的建立。近年来,以色列在约旦河西岸的定居点数量已翻番,以色列将继续“沿着这条路走”。内塔尼亚胡还称,他将在访美回国后作出回应。
据报道,内塔尼亚胡将于25日抵达美国纽约参加联合国大会一般性辩论,并于29日与美国总统特朗普会面。
另据以色列媒体21日报道,针对上述“承认潮”,以色列多名极右翼政府成员要求以色列立即在约旦河西岸行使主权。当日,极右翼政党成员、以色列国家安全部长本-格维尔在社交媒体上宣称,他打算在以内阁会议上提交提案,要求立即在约旦河西岸行使以色列主权;极右翼政党成员、以色列财政部长斯莫特里赫则称,对这轮“反以举动”的唯一回应是在约旦河西岸行使主权。(完)
图说:8月10日,以色列总理内塔尼亚胡在耶路撒冷举行的记者会上用手指向屏幕中的加沙地带地图(手机照片)。新华社记者 冯国芮 摄