Africa & Middle East
အစ္စရေးဝန်ကြီးချုပ်က လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် ကာတာအား ပြန်လည်တောင်းပန်၊ ကြားဝင်စေ့စပ်သူအဖြစ် ဆက်ရှိနေမည်ဟု ကာတာ ထပ်လောင်းအတည်ပြု

ဂျေရုဆလမ်/ဒိုဟာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
မကြာသေးမီက ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကာတာနိုင်ငံအား စက်တင်ဘာ ၂၉ ရက်၌ ပြန်လည်တောင်းပန်ခဲ့ရာ ထိုကဲ့သို့ မကြုံစဖူး လိုက်လျောမှုမှာ ကာတာအနေဖြင့် ဂါဇာပဋိပက္ခအား အဓိက ကြားဝင်စေ့စပ်သူအဖြစ် ဆက်လက်တည်ရှိစေရန်အတွက် အလွန်အရေးပါသည်ဟု ရှုမြင်လျက်ရှိသည်။
ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင်အဗ္ဗဒူရာမန် ဘင်ဂျက်ဆင် အယ်လ်သန်နီ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် သုံးပွင့်ဆိုင် တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုမှု ပြုလုပ်စဉ်် နေတန်ယာဟုက ယင်းကဲ့သို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖုန်းပြောဆိုစဉ်အတွင်း နေတန်ယာဟုက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ကာ အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်လည်း ကတိပြုခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အယ်လ်သန်နီက ယင်းတိုက်ခိုက်မှုအား ပြင်းထန်စွာရှုတ်ချခဲ့ကာ ကာတာနိုင်ငံသားများနှင့် ဒေသခံများကို ကာကွယ်စောင့်ရှောက်ရေးမှာ “အကြွင်းမဲ့ ဦးစားပေးကိစ္စရပ်” ပင်ဖြစ်ကြောင်း၊ ကာတာအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်စောင့်ရှောက်မည်ဟူသော သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ကာတာအနေဖြင့် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် ကြားဝင်စေ့စပ်ပေးရန် ကတိကဝတ်ပြုဆဲ ဖြစ်သည်ကိုလည်း ထိုကြေညာချက်က မီးမောင်းထိုးပြလျက်ရှိသည်။
ဒိုဟာမြို့တွင် အခြေပြုသည့် ဟားမက်စ်အဖွဲ့၏ အကြီးတန်း ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟုဆိုကာ အစ္စရေးက စက်တင်ဘာ ၉ ရက်တွင် ဒိုဟာ၌ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းငါးဦးနှင့် ကာတာလုံခြုံရေးအရာရှိတစ်ဦး သေဆုံးခဲ့ရာ နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခြင်းကို ခံခဲ့ရသည်။ အစ္စရေးအနေဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဟစ်ဇ်ဘိုလာ၊ ဟားမက်စ်၊ ယီမင်ရှိ ဟူသီအဖွဲ့နှင့် အီရန်စစ်တပ်တို့၏ ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သို့ ရောက်ရှိစဉ်အတွင်း နေတန်ယာဟုက အစ္စရေးအနေဖြင့် အနာဂတ်တွင် ကာတာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်ရန် အစီအစဉ်မရှိဟု ကာတာဝန်ကြီးချုပ်အား ပြောကြားခဲ့ကာ ထရမ့်ကိုလည်း အလားတူ ကတိပြုခဲ့ကြောင်း သိရသည်။
“အစ္စရေးဟာ ကာတာနိုင်ငံသားတွေကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ဟားမက်စ်အဖွဲ့ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အတူ အဓိက အငြင်းပွားစရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကာတာနိုင်ငံ ပါဝင်သော သုံးပွင့်ဆိုင်ယန္တရား ထူထောင်မည့် ထရမ့်၏ အဆိုပြုချက်ကိုလည်း နေတန်ယာဟုက ထောက်ခံခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင်ရုပ်သံ Kan TV အပါအဝင် အစ္စရေးမီဒီယာများက ထိုကဲ့သို့ တောင်းပန်ခြင်းမှာ ဂါဇာအပစ်အခတ်ရပ်စဲမှု ရရှိရေးနှင့် အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ကာတာနိုင်ငံ ဆက်လက်ပါဝင်ရေးအတွက် မဖြစ်မနေလိုအပ်သော သတ်မှတ်ချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သောတစ်ရက်ကပင် Fox News ရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တစ်ခု၌ နေတန်ယာဟုက အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ကာ နိုင်ငံ၏ဂုဏ်သိက္ခာကို လေးစားသည့် မည်သည့်နိုင်ငံမဆို အကြမ်းဖက်သမားများကို လျစ်လျူရှုထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။ နေတန်ယာဟု၏ တောင်းပန်မှုအပေါ် အစ္စရေး၏ လက်ယာစွန်း ညွန့်ပေါင်းအစိုးရအတွင်း၌ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကာ အစိုးရအဖွဲ့ဝင် အချို့ကလည်း ထိုလုပ်ရပ်မှာ အရှက်ရစရာဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သလို ကာတာအနေဖြင့် ဟားမက်စ်အဖွဲ့အား ပံ့ပိုးကူညီနေသည်ဟုလည်း စွပ်စွဲပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ ဒိုဟာမြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာအနီး၌ ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(English Version)
Israeli PM apologizes to Qatar for deadly airstrike; Qatar reaffirms mediation role
JERUSALEM/DOHA, Sept. 29 (Xinhua) — Israeli Prime Minister Benjamin Netanyahu apologized to Qatar on Monday for a recent airstrike in Doha, a rare concession seen as crucial for the Gulf state to continue its key mediation role in the Gaza conflict.
The apology came during a trilateral phone call with Qatari Prime Minister and Foreign Minister Sheikh Mohammed bin Abdulrahman bin Jassim Al Thani and U.S. President Donald Trump. According to a statement from Qatar’s Foreign Ministry, Netanyahu expressed regret over the incident and pledged that such an event would not recur.
Al Thani strongly condemned the strike, emphasizing that the protection of Qatari citizens and residents was “an absolute priority” and reaffirming Qatar’s determination to safeguard its sovereignty and territorial integrity. The statement also underscored Qatar’s continued commitment to mediating an end to the Gaza war.
On Sept. 9, Israel carried out airstrikes on Doha, claiming they targeted senior Hamas leaders based in the city. Hamas said its delegation was in Doha at the time to discuss a U.S.-brokered ceasefire proposal. The strikes killed five Palestinians and one Qatari security officer, drawing widespread international condemnation. The attack followed a pattern of Israel’s “decapitation strikes” in the past two years against leaders of Hezbollah, Hamas, Yemen’s Houthis, and Iran’s military.
Speaking from the United States, Netanyahu told his Qatari counterpart that Israel “had no plan to violate your sovereignty again in the future,” a pledge he said he also conveyed to Trump.
“I want to assure you that Israel was targeting Hamas, not Qataris,” he added. Netanyahu also endorsed Trump’s proposal for a trilateral mechanism with Qatar to address outstanding disputes.
Israeli media, including state-run Kan TV, reported that the apology was a necessary condition for Qatar to continue its mediation efforts to secure a Gaza ceasefire and the release of Israeli hostages.
Just a day earlier, Netanyahu had defended the strike in a Fox News interview, saying that “any self-respecting country doesn’t give a pass to terrorists.” The apology drew criticism from within Israel’s ultra-right coalition, with some cabinet members reportedly calling it “humiliating” and accusing Qatar of supporting Hamas.
English Caption 1
U.S. President Donald Trump (L) welcomes Israeli Prime Minister Benjamin Netanyahu at the White House in Washington, D.C., the United States, on Sept. 29, 2025. (Xinhua/Hu Yousong)
English Caption 2
A helicopter is seen near the site of an Israeli airstrike in Doha, Qatar, Sept. 9, 2025. (Photo by Nikku/Xinhua)