China
တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” တွန်ဂါနိုင်ငံသို့ ရောက်ရှိ၍ ဆေးကုသရေးဝန်ဆောင်မှုပေး

နူကူအလိုဖာ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
“ချစ်ကြည်သင့်မြတ်ရေးမစ်ရှင် – ၂၀၂၅” တာဝန်ထမ်းဆောင်လျက်ရှိသော တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီးဖြစ်သည့် “ပိုးလမ်းမသင်္ဘော” သည် တွန်ဂါနိုင်ငံ နူကူအလိုဖာဆိပ်ကမ်းသို့ ဒေသစံတော်ချိန် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ရာ ၇ ရက်ကြာ ဆေးကုသရေးဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းမှာ ချစ်ကြည်သင့်မြတ်ရေးမစ်ရှင် တာဝန်များကို ထမ်းဆောင်သည့် တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး စတုတ္ထအကြိမ်မြောက် တွန်ဂါနိုင်ငံသို့ ရောက်ရှိခြင်း ဖြစ်သည်။
နံနက် ၁၀ နာရီခန့်တွင် တွန်ဂါရေတပ်ကင်းလှည့်ရေယာဉ်၏ လမ်းညွှန်မှုအောက်တွင် “ပိုးလမ်းမသင်္ဘော” အမည်ရှိ ဆေးရုံသင်္ဘောကြီးသည် တရုတ်-တွန်ဂါ နှစ်နိုင်ငံ နိုင်ငံတော်အလံကို လွှင့်တင်လျက် နူကူအလိုဖာဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ မောင်းနှင်ရောက်ရှိလာသည်။
တွန်ဂါနိုင်ငံ ယာယီဝန်ကြီးချုပ် Taniela Fusimalohi နှင့် စစ်တပ်၊ အစိုးရအဓိကပုဂ္ဂိုလ်များ၊ တွန်ဂါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် ဒေသခံပြည်သူများ၊ ပြည်ပရောက်တရုတ်နိုင်ငံသားနှင့် တရုတ်နွယ်ဖွားများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ စသည်တို့က ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။
တွန်ဂါစစ်တီးဝိုင်းက တရုတ်-တွန်ဂါ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများအား တီးမှုတ်ခဲ့ကြသလို ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ဒေသခံပြည်သူလူထုက တရုတ်ရေတပ် အရာရှိစစ်သည်များအား ပန်းကုံးပေးကာ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
တွန်ဂါနိုင်ငံခရီးစဉ်ကာလအတွင်း “ပိုးလမ်းမသင်္ဘော” အမည်ရှိ ဆေးရုံသင်္ဘောကြီး၏ ပင်မပလက်ဖောင်းတွင် ဆေးကုသရေး ဝန်ဆောင်မှုများပေးမည့်အပြင် တွန်ဂါရေတပ်နှင့်အတူ တိုက်ပွဲဒဏ်ရာ ကယ်ဆယ်ကုသရေး ပညာရပ်ဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်ခြင်း၊ တွန်ဂါဆေးရုံ၌ ဆေးပညာဆိုင်ရာဖိုရမ် ကျင်းပခြင်း၊ သင်္ဘောတင်ရဟက်ယာဉ်များ စေလွှတ်၍ ဆေးကုသရေးအဖွဲ့ခွဲများနှင့်အတူ ကျွန်းပြင်ပနှင့် ဒေသန္တရရပ်ကွက်များသို့ သွားရောက်လှည့်လည်ဆေးကုသခြင်း၊ ယဉ်ကျေးမှုအဖွဲ့ခွဲများအား ဒေသန္တရစာသင်ကျောင်းများသို့ စေလွှတ်၍ ယဉ်ကျေးမှုဖလှယ်ခြင်း စသည်တို့ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံရေတပ်သည် ဆိပ်ကမ်းပြင်ပ ပင်လယ်ရေပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်သွားမည် ဖြစ်သည်။
တရုတ်ရေတပ်သင်္ဘောများသည် တွန်ဂါနိုင်ငံသို့ အကြိမ်ပေါင်းများစွာ ခရီးစဉ်ရောက်ရှိခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တွန်ဂါနိုင်ငံသည် မီးတောင်ပေါက်ကွဲမှု သဘာဝကပ်ဘေးဒဏ်ခံခဲ့ရရာ တရုတ်ရေတပ်သင်္ဘောအုပ်စုသည် ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တန်ချိန် ၁,၄၀၀ ကျော်ကို တွန်ဂါသို့ အလျင်အမြန် ပို့ဆောင်၍ ကူညီခဲ့သည်။ “ငြိမ်းချမ်းရေးသင်္ဘော” ဟု အမည်ရသည့် ဆေးရုံသင်္ဘောကြီးသည် ၂၀၁၄ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၂၃ ခုနှစ်များတွင် တွန်ဂါနိုင်ငံသို့ သုံးကြိမ်တိုင် ခရီးစဉ်ရောက်ရှိခဲ့ရာ ယင်းဒေသအတွက် ဆေးကုသရေး ဝန်ဆောင်မှုပေးခဲ့သူ စုစုပေါင်း အကြိမ်ရေ ၁၅,၀၀၀ ကျော် ရှိခဲ့သည်။ (Xinhua)
———————
(Chinese Version)
中国海军“丝路方舟”号医院船抵达汤加并开展医疗服务
新华社努库阿洛法10月13日电(崔晓洋 唐磊)当地时间13日上午,正在执行“和谐使命-2025”任务的中国海军“丝路方舟”号医院船抵达汤加努库阿洛法港,开展为期7天的医疗卫生服务和文化交流等活动。这是执行“和谐使命”系列任务的中国海军医院船第4次到访汤加。
10时许,在汤加海军巡逻艇引导下,“丝路方舟”号医院船悬挂中汤两国国旗,缓缓驶抵努库阿洛法港。汤加代理首相福希马洛西及军政要员、中国驻汤加大使和当地民众、华侨华人及中资机构代表等在码头迎接。汤加军乐队演奏中汤两国国歌,身着传统服饰的当地民众向中国海军官兵献上花环,表演民族舞蹈。
访问汤加期间,“丝路方舟”号医院船除在医院船主平台提供诊疗服务外,还将与汤加海军进行战伤救护学术交流,与汤加医院举办医学论坛,派出舰载直升机和多支医疗分队前往外岛和当地社区开展巡诊,派出文化分队赴当地学校开展文化交流等。此外,两国海军将在港外海域举行联合演练。
中国海军舰艇曾多次访问汤加。2022年1月,汤加遭受火山喷发自然灾害,中国海军舰艇编队运送1400余吨救灾物资驰援汤加。“和平方舟”号医院船曾于2014年、2018年、2023年三次访问汤加,累计为当地提供医疗服务15000多人次。(完)
1. 10月13日,执行“和谐使命-2025”任务的中国海军“丝路方舟”号医院船抵达汤加努库阿洛法港。这是欢迎仪式现场。 (配本社同题文字稿) 新华社发(崔晓洋 摄)