Connect with us

Europe

ဇယ်လန်းစကီးနှင့် ထရမ့် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ဖုန်းပြော

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး(ယာ) ကို ကြိုဆိုနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (အလယ်) ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကိဗ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ဖုန်းပြောဆို ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အောက်တိုဘာ ၁၂ ရက် က ပြောကြားလိုက်သည်။
အဆိုပါဆွေးနွေးမှုမှာ “အလွန်အကျိုးဖြစ်ထွန်း” သည်ဟု ဇယ်လန်းစကီးက ထုတ်ဖော်ပြောဆိုခဲ့သလို တာဝေးပစ်စွမ်းဆောင်ရည်များ အပါအဝင် ယူကရိန်း၏ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းလာစေရန် အာရုံစိုက်ထားကြောင်းလည်း ဇယ်လန်စကီးက အလေးထားပြောကြားခဲ့သည်။
အလားတူ နှစ်နိုင်ငံခေါင်းဆောင်များအကြား စွမ်းအင်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များစွာ ဆွေးနွေးခဲ့ကြကြောင်းလည်း ဇယ်လန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။
ဇယ်လန်းစကီး၏ အဆိုအရ နှစ်ဖက်ခေါင်းဆောင်များက ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။ ဇယ်လန်းစကီးနှင့် ထရမ့်တို့အကြား ပထမအကြိမ် ဖုန်းပြောဆို ဆွေးနွေးမှုကို အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Zelensky, Trump hold 2nd phone call in 2 days
KIEV, Oct. 12 (Xinhua) — Ukrainian President Volodymyr Zelensky said on Sunday he had a second phone conversation in two days with U.S. President Donald Trump.
Zelensky described the discussion as “very productive,” noting that it focused on strengthening Ukraine’s defense capabilities, including long-range capabilities.
He added that the two leaders also discussed “many details on energy.”
According to Zelensky, both sides agreed to continue the dialogue. The previous phone call between Zelensky and Trump was held on Saturday. ■
photo
U.S. President Donald Trump (C) welcomes Ukrainian President Volodymyr Zelensky (R) at the White House in Washington, D.C., the United States, on Feb. 28, 2025. (Xinhua/Hu Yousong)