Connect with us

Europe

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များက ရုရှားစီးပွားရေးကို သိသိသာသာသက်ရောက်မည်မဟုတ်ဟု ပူတင် ဆို

ရုရှားနိုင်ငံ မြို့တော်မော်စကို၌ ရုရှားသမ္မတ ဗလာတီမာ ပူတင်ကို ၎င်း၏ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ရုရှားရေနံကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များသည် ရုရှား၏ စီးပွားရေးအခြေအနေကို သိသိသာသာ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က အောက်တိုဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ပူတင်က ထိုပိတ်ဆို့အရေးယူမှုများကို “ရုရှားအပေါ် ဖိအားပေးရန် ကြိုးပမ်းမှု” နှင့် “စိမ်းကားမှု” ဟု ခေါ်ဆိုခဲ့ပြီး ၎င်းပိတ်ဆို့အရေးယူမှုများမှာ ရုရှား-အမေရိကန် ဆက်ဆံရေးကို ခိုင်မာစေမည်မဟုတ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ပူတင်နှင့် စီစဉ်ထားသော တွေ့ဆုံမှုကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အောက်တိုဘာ ၂၂ ရက်က မှတ်ချက်များနှင့်ပတ်သက်၍ ရုရှားသမ္မတက ရုရှားအနေဖြင့် ဆက်လက်ဆွေးနွေးမှုကို အမြဲတမ်း ထောက်ခံကြောင်း ပြန်လည်မှတ်ချက်ပြုပြောကြားခဲ့သည်။
ပြင်ဆင်မှုမရှိဘဲ ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးသို့ ချဉ်းကပ်ခြင်းသည် အမှားတစ်ခုဖြစ်မည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။
ယူကရိန်းတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် ရုရှားအစိုးရအား ဖိအားပေးရန် ကြိုးပမ်းမှုအနေဖြင့် ရုရှား၏ အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်သည့် Rosneft နှင့် Lukoil တို့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။ (Xinhua)
…………………..
(English Version)
Putin says new U.S. sanctions not to significantly impact Russia’s economy
MOSCOW, Oct. 23 (Xinhua) — New U.S. sanctions on Russian oil companies will not significantly impact Russia’s economic health, Russian President Vladimir Putin said Thursday.
Putin called the sanctions “an attempt to put pressure on Russia” and “unfriendly,” adding that they do not strengthen Russia-U.S. relations.
Commenting on U.S. President Donald Trump’s remarks on Wednesday that he had canceled his planned meeting with Putin, the Russian president said Russia has always supported continued dialogue.
He added that it would be a mistake to approach the Russia-U.S. summit without preparation.
The U.S. Treasury Department on Wednesday announced sanctions on Russia’s two largest oil producers, Rosneft and Lukoil, in a bid to pressure Moscow to agree to an immediate ceasefire in Ukraine. ■
English Caption
Russian President Vladimir Putin speaks during his annual press conference in Moscow, Russia, Dec. 19, 2024. (Xinhua/Cao Yang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.