Asia
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံ
ဘန်ကောက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ်သည် အောက်တိုဘာ ၂၄ ရက် ညပိုင်းတွင် သက်တော် ၉၃ နှစ်အရွယ်၌ နတ်ရွာစံခဲ့ကြောင်း ထိုင်းနိုင်ငံ နန်းတော်ရေးရာဗျူရိုက အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း၌ သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ဘုရင့်မယ်တော်ကြီး သီရိခေတ်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစ၍ ဆက်တိုက် ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်မှစ၍ ၎င်းသည် သွေးတွင်းပိုးဝင်မှုကြောင့် ရောဂါပြင်းထန်လာခဲ့ရာ ဆေးကုသရေးအဖွဲ့က အစွမ်းကုန် ကယ်ဆယ်ကုသခဲ့သော်ငြားလည်း ရောဂါအခြေအနေ အဆက်မပြတ်ဆိုးရွားလာပြီး အောက်တိုဘာ ၂၄ ရက်ညပိုင်းတွင် နတ်ရွာစံခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်းက ဘုရင့်မယ်တော်ကြီး သီရိခေတ်အတွက် တော်ဝင်ဈာပနအခမ်းအနားကျင်းပရန် နန်းတော်ရေးရာဗျူရိုအား ညွှန်ကြားခဲ့ပြီး တော်ဝင်မိသားစုဝင်များနှင့် နန်းတော်အရာရှိများကို ဘုရင့်မယ်တော်ကြီး နတ်ရွာစံသည့်နေ့မှစ၍ တစ်နှစ်ကြာ ဝမ်းနည်းကြောင်းကာလ လုပ်ဆောင်ရန်လည်း ထုတ်ပြန်ခဲ့သည်။
ဘုရင့်မယ်တော်ကြီး သီရိခေတ်သည် ထိုင်းနိုင်ငံ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်ဂျ်၏ မိဖုရားကြီးဖြစ်သလို လက်ရှိဘုရင်ကြီး မဟာ ဗာဂျီရယ်လောင်ကွန်း၏ မိခင်လည်းဖြစ်သည်။ ၎င်း၏အမည်ရင်းမှာ Sirikit Kitiyakara ဖြစ်ပြီး ၁၉၃၂ ခုနှစ်တွင် မွေးဖွားခဲ့ကာ ၁၉၅၀ ပြည့်နှစ်၌ ဘုရင်ဟောင်း ဘူမိဘောနှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဘုရင့်မယ်တော်ကြီးအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရသည်။ (Xinhua)
——————-
(Chinese Version)
泰国王太后诗丽吉逝世
新华社曼谷10月25日电(记者陈倩慈 常天童)泰国王室宫务处25日凌晨发布公告说,泰国王太后诗丽吉于24日晚逝世,享年93岁。
公告说,诗丽吉王太后自2019年9月起持续住院接受治疗。本月17日以来,她因血液感染而病重,虽经医护团队全力救治,病情仍不断恶化,于24日晚辞世。泰国国王玛哈·哇集拉隆功已命王室宫务处为诗丽吉王太后举行国葬,并下令王室成员及王宫官员自她辞世之日起举哀一年。
诗丽吉是泰国先王普密蓬·阿杜德的王后,也是现任国王玛哈·哇集拉隆功的母亲。她原名诗丽吉·基提亚卡拉,生于1932年,1950年同普密蓬结婚,2019年获封王太后。(完)
