Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်း ဆက်လက်ဦးဆောင်နေပြီး ဘုန်းမောက် အဆင့်-၂ သို့ ရောက်ရှိလာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က အာဆင်နယ်အသင်းနှင့် မိုနာကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ ဘူကာယို ဆာကာအား ဂိုးသွင်းပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်ထားခဲ့သည်။
ပွဲချိန် ၃၉ မိနစ်တွင် ဒက်ကလန်ရိုက်စ်၏ ပြစ်ဒဏ်ဘောကန်တင်ပေးမှုကို ခရစ္စတယ်ပဲလေ့စ် ကစားသမားများက ပြတ်ပြတ်သားသား ရှင်းမထုတ်နိုင်ခဲ့သဖြင့် ပင်နယ်တီဧရိယာအလယ်ထဲသို့ ပြန်ကျလာစဉ် အီဇီက အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။
ဘုန်းမောက်ကလည်း နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း၌ ၂-၀ ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် အဆင့်-၂ ၌ ရပ်တည်လျက်ရှိသည်။
မားကပ်စ် တာဗာနီယာနှင့် အယ်လီ ဂျူနီယာ ကရူပီတို့က ပထမပိုင်းတွင် ဘုန်းမောက်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် အန်ဒိုနီ အိုင်ရာအိုလာ၏အသင်းမှာ ဒုတိယပိုင်းတွင် ပွဲကိုထိန်းချုပ်ကာ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။ ကရူပီ၏ သွင်းဂိုးမှာ ၂၅ မီတာအကွာမှ သွင်းယူခဲ့ခြင်းဖြစ်သည်။
အက်စတွန်ဗီလာနှင့် မန်ချက်စတာစီးတီးအသင်း၏ ပွဲစဉ်တွင် အက်စတွန်ဗီလာက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ကာ လေးပွဲဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး မန်စီးတီး၏ ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိသည့် မှတ်တမ်းကိုလည်း အဆုံးသတ်စေခဲ့သလို နည်းပြအူနိုင်း အမ်မရီအနေဖြင့်လည်း ပက်ပ် ဂွါဒီယိုလာနှင့် ထိပ်တိုက်တွေ့ဆုံရာတွင် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
ပွဲချိန် ၁၉ မိနစ်တွင် မတ်တီ ကက်ရှ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ကာ မန်စီးတီးအသင်း၏ အထိရောက်ဆုံး ဂိုးပေါက်ခြိမ်းခြောက်မှုအဖြစ် ဒုတိယပိုင်းတွင် အာလင် ဟာလန်း၏ ကန်ချက်မှာ ဂိုးဝင်သွားသော်လည်း လူကျွံဘောအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။
တော့တင်ဟမ်အသင်းကလည်း မစ်ကီ ဗန်ဒီဗန်၏ ပထမပိုင်း ခေါင်းတိုက်ဂိုးနှစ်ဂိုး အပါအဝင် အဲဗာတန်အသင်းကို အဝေးကွင်း၌ ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး အဆင့်-၃ သို့ တက်လှမ်းနိုင်ခဲ့သည်။ တော့တင်ဟမ်အတွက် တတိယဂိုးကို ပါပေ မာတာဆားက ပွဲချိန် ၈၉ မိနစ်တွင် သွင်းယူခဲ့သည်။
ဝူလ်ဗာဟမ်တန်အသင်းမှာမူ အိမ်ကွင်း၌ ဘန်လေအသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီး အမှတ်ပေးဇယား အောက်ဆုံး၌ ရပ်တည်နေသည်။
ဘန်လေက ဇီယန် ဖလမ်းမင်း၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ပထမပိုင်း မိနစ် ၃၀ အထိ ၂-၀ ဂိုးဖြင့် ဦးဆောင်နေသော်လည်း ဝုဗ်အသင်းမှ ယော်ဂန် စထရန်း လာဆန်နှင့် မာရှယ် မူနက်ဆီတို့က ပထမပိုင်းမပြီးဆုံးမီ ချေပဂိုးများ သွင်းယူခဲ့သဖြင့် တစ်ဖက်နှစ်ဂိုးစီ သရေကျနေခဲ့သည်။
သရေရလဒ်ဖြင့်သာ အဆုံးသတ်တော့မည့်ဆဲဆဲတွင် နာကျင်အချိန်ပို ငါးမိနစ်၌ လိုင်လီ ဖော့စတာက ဘန်လေအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က အဲဗာတန်အသင်းနှင့် တော့တင်ဟမ် ဟော့စပါး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်၌ တော့တင်ဟမ်အသင်းမှ မစ်ကီ ဗန်ဒီဗန် (ဝဲ-တတိယ) ဒုတိယဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က အဲဗာတန်အသင်းနှင့် တော့တင်ဟမ် ဟော့စပါး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် တော့တင်ဟမ်အသင်း နည်းပြချုပ် သောမတ်စ် ဖရန့်ခ် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Arsenal extends lead in Premier League as Bournemouth goes second
LONDON, Oct. 26 (Xinhua) — Arsenal beat Crystal Palace 1-0 at home to extend its lead at the top of the Premier League on Sunday.
The decisive goal came in the 39th minute after Crystal Palace failed to clear Declan Rice’s free kick, with the ball finished from the middle of the penalty area.
Bournemouth finished the weekend in second place after a 2-0 home win over Nottingham Forest.
Marcus Tavernier and Eli Junior Kroupi, who scored with a 25-meter shot, put Bournemouth 2-0 ahead by halftime, and Andoni Iraola’s side controlled the second half.
Aston Villa coach Unai Emery won his head-to-head against Pep Guardiola as his side claimed a 1-0 victory to make it four consecutive wins and end Manchester City’s nine-game unbeaten run.
Matty Cash scored the only goal in the 19th minute. Manchester City’s biggest threat was a second-half strike from Erling Haaland that was ruled out for offside in the buildup.
Micky van de Ven scored two first-half headers as Tottenham moved to third with a 3-0 win away to Everton. Pape Matar Sarr added the third in the 89th minute.
Wolverhampton Wanderers remained winless and bottom after a 3-2 home loss to Burnley.
Burnley led 2-0 after half an hour thanks to Zian Flemming’s brace, but Jorgen Strand Larsen and Marshall Munetsi made it 2-2 by halftime as Wolves fought back.
The match looked set for a draw until Lyle Foster latched onto a through ball to give Burnley the points in the fifth minute of stoppage time.
English Caption 1
Bukayo Saka of Arsenal reacts after scoring his first goal during the UEFA Champions League football match between Arsenal and Monaco in London, Britain, on Dec. 11, 2024. (Xinhua/Li Ying)
English Caption 2
Tottenham Hotspur’s Micky van de Ven (3rd L) scores the second goal during the English Premier League match between Everton FC and Tottenham Hotspur FC in Liverpool, Britain, on Oct. 26, 2025. (Xinhua)
English Caption 3
Tottenham Hotspur’s head coach Thomas Frank celebrates after the English Premier League match between Everton FC and Tottenham Hotspur FC in Liverpool, Britain, on Oct. 26, 2025. (Xinhua)