North America
Google က AI အခြေခံအဆောက်အဦများအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံ ပြန်လည်စတင်မည်ဟု ကြေညာ
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် Google ကုမ္ပဏီက ၎င်း၏ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အဦများအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရန် အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ရုံအား ပြန်လည်စတင်မည့် အစီအစဉ်တစ်ရပ်ကို အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် အမေရိကန်၏ နည်းပညာထိပ်တန်းကုမ္ပဏီကြီးက AI အခြေခံအဆောက်အဦအတွက် စွမ်းအင်ပံ့ပိုးပေးသည့် လမ်းကြောင်း တိုးချဲ့နေသည်ကို ဖော်ပြလိုက်ပေသည်။
Google နှင့် အမေရိကန် NextEra Energy ကုမ္ပဏီတို့ ပူးတွဲထုတ်ပြန်သည့် သတင်းကြေညာချက်အရ Google က အိုင်အိုဝါပြည်နယ်၌ အဆက်မပြတ် တိုးပွားလာသော Cloud နှင့် AI အခြေခံအဆောက်အဦကဏ္ဍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ပိတ်သိမ်းခဲ့သည့် Duane Arnold စွမ်းအင်စင်တာအား ၂၀၂၉ ခုနှစ်တွင် ပြန်လည် လည်ပတ်သွားမည်ဟု နှစ်ဖက်က ကြေညာခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ၂၅ နှစ်ကြာ လျှပ်စစ်ဓာတ်အား ဝယ်ယူမှုသဘောတူညီချက် တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်က AI ဖြင့် မောင်းနှင်သည့် ဆန်းသစ်တီထွင်မှုနှင့် အခွင့်အလမ်း ခေတ်သစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ အဆိုပါ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည် Google က တာဝန်ယူမှုရှိသည့် အနေအထားဖြင့် ၎င်း၏လုပ်ငန်းတိုးတက်လာမှု လိုအပ်ချက်အား ဖြည့်ဆည်းရာ၌ ကူညီအားဖြည့်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။
နောက်ဆုံးထုတ်ပြန်ထားသည့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အပြင် ထိုမတိုင်မီ Google က အပိုဓာတ်အားပံ့ပိုးမှု ရရှိခြင်းကို သေချာစေရန် အမေရိကန် Elementl Power ကုမ္ပဏီနှင့် ပူးပေါင်း၍ အမေရိကန်၌ ခေတ်မီ နျူကလီးယား ဓာတ်အားပေးစက်ရုံ ၃ ရုံ တည်ဆောက်သွားမည်ဟုလည်း ကြေညာခဲ့သည်။
AI ၏ လျင်မြန်စွာ တိုးတက်လာမှုကြောင့် ၎င်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အဓိကတိုးတက်လာသော အရင်းအမြစ်များအနက် တစ်ခုဖြစ်လာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဒေတာစင်တာများ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှုသည် တစ်ဆနှင့်အထက် တိုးပွားလာမည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ယခုနှစ် ဧပြီလတွင် ကြိုတင်ခန့်မှန်းထားခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
谷歌宣布重启一核电站为AI基础设施供电
新华社旧金山10月27日电 美国谷歌公司27日公布一项计划,将重启位于艾奥瓦州一座核电站,为其人工智能(AI)基础设施供电。这表明,美国科技巨头正在拓宽为AI基础设施供能渠道。
根据谷歌与美国新纪元能源公司联合发布的新闻公报,双方宣布已于2020年关闭的杜安·阿诺德能源中心将于2029年重新投入运营,“以帮助满足谷歌在艾奥瓦州不断增长的云和AI基础设施方面的电力需求”。双方已签署一份为期25年的电力采购协议。
公报还说,随着美国进入由AI驱动的创新与机遇的新时代,此项战略合作旨在助力谷歌以负责任的方式满足其业务增长需求。
除最新公布的这一合作计划外,谷歌此前还宣布与美国埃利门特尔能源公司合作在美国建设3座先进核电站,以确保获得额外的电力供应。
AI的迅猛发展使其成为全球范围内电力需求的主要增长源之一。国际能源署今年4月预测,到2030年,数据中心的电力消耗将增长一倍以上。(完)
图说:2012年3月6日,在德国汉诺威会展中心举行的汉诺威信息及通信技术博览会上,参观者在谷歌展台参观。新华社记者马宁摄
