Africa & Middle East
တရုတ်စက်ပစ္စည်းဖြင့် ကူဝိတ်နိုင်ငံ သဲကန္တာရစိုက်ခင်းပိုင်ရှင်၏ အစိမ်းရောင် စိုက်ခင်းအိပ်မက် အကောင်အထည်ဖော်ပေး
																								
												
												
											Ahmadi ပြည်နယ် (ကူဝိတ်)၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ကူဝိတ်နိုင်ငံ တောင်ပိုင်း Ahmadi ပြည်နယ် Al-Wafra ဒေသ သဲကန္တာရ၌ စိုက်ခင်းပိုင်ရှင် Sari Al-Azmi သည် ဧရိယာ စတုရန်းမီတာ ၈၅,၀၀၀ ခန့်ရှိသည့် စိုက်ခင်းတစ်ခုအား လည်ပတ်လျက်ရှိသည်။ ဒေသတွင်း ရာသီဥတုအခြေအနေသည် မျှော်မှန်းထားသကဲ့သို့ ကောင်းမွန်ခြင်းမရှိသောကြောင့် ၎င်း၏စိုက်ခင်းသည် တစ်ချိန်က ရုပ်လုံးပေါ်လာခဲ့ခြင်းမရှိပေ။
လွန်ခဲ့သည့်နှစ်အနည်းငယ်က Sari Al-Azmi သည် တရုတ်နိုင်ငံ ကွမ်ကျိုးကုန်စည်ပြပွဲအား တက်ရောက်ခဲ့ပြီးနောက် ဖန်လုံအိမ် တည်ဆောက်ရာ၌ အသုံးပြုရန်အတွက် တရုတ်နိုင်ငံထုတ်လုပ်သည့် ရေအလိုအလျောက်လည်ပတ်မှုဖြင့် အပူအအေးထိန်းချုပ်သည့် နည်းပညာစက်ပစ္စည်းတစ်စုံ ဝယ်ယူခဲ့သည်။
ယနေ့အခါ ကူဝိတ်နိုင်ငံ၏ နွေရာသီအချိန် အခန်းပြင်ပအပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်နီးပါး ရှိနေချိန်၌ ဖန်လုံအိမ်အတွင်း အပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်တွင် ထိန်းသိမ်းထားနိုင်သောကြောင့် Sari Al-Azmi ၏ အစိမ်းရောင် စိုက်ခင်းအိပ်မက်အား အကောင်အထည်ဖော်နိုင်ခဲ့ပေသည်။ (Xinhua)

ကူဝိတ်နိုင်ငံ Ahmadi ပြည်နယ် Al-Wafra ဒေသ၌ ဖန်လုံအိမ်စိုက်ခင်းအတွင်း အလုပ်များနေသော အလုပ်သမားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


 
———————
(Chinese Version)
中国设备助力科威特沙漠农场主的绿色田园梦
新华社照片,艾哈迈迪省(科威特),2025年11月1日
在科威特南部艾哈迈迪省沃夫拉地区的沙漠中,农场主萨里·阿兹米经营着一片占地约85000平方米的农场。因为当地气候条件不够理想,他的农场曾经并未形成规模。几年前,萨里参加了中国广交会,采购了一套中国制造的自动化控制的循环水冷系统技术设备用于大棚建设。如今,在科威特夏季室外近50摄氏度的高温下,大棚内温度也可以保持在30摄氏度左右,实现了萨里的绿色田园梦。
1、10月31日,在科威特艾哈迈迪省沃夫拉地区,农场主萨里·阿兹米查看大棚中种植的水果。 新华社发(阿萨德摄)
2、10月31日,在科威特艾哈迈迪省沃夫拉地区,工人们在大棚中忙碌。新华社发(阿萨德摄)
