Connect with us

Economy

မှတ်တမ်း အသစ်များဖြင့် အွန်လိုင်း ဈေးရောင်း ပွဲတော် တရုတ်နိုင်ငံတွင် ကျင်းပ

တရုတ်နိုင်ငံ Singles’ Day အွန်လိုင်း ဈေးရောင်းပွဲ၌ အလီဘာဘာ ကုမ္ပဏီ၏ ဆိုင်းဘုဒ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ယခုနှစ်၏ Singles’ Day အား နိုဝင်ဘာ ၁၁ ရက်တွင် စတင်ခဲ့ရာ အလီဘာဘာ ကုမ္ပဏီက ည သန်းခေါင်ယံအချိန် ၁၂ မိနစ်နှင့် ၂၈ စက္ကန့်အ တွင်း ရောင်းအား ယွမ် ၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁.၅၇ ဘီလီယံ) ဖြင့် ထပ်မံ၍ စံချိန်တင်ခဲ့ကြောင်း တရုတ် အွန်လိုင်း Fiesta က အမေရိကန် ဆိုက်ဘာသို့ ပြောကြားလိုက်သည်။

ယမန်နှစ်က ရောင်းအား ယွမ် ၁၀ ဘီလီယံ ရရှိရန် ၃၈ မိနစ် အချိန်ကြာခဲ့ပြီး ယမန်နှစ် တစ်နေ့တာ ရောင်းအား စံချိန် ယွမ် ၅၇.၁ ဘီလီယံကို ယခုနှစ်တွင် အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ကုမ္ပဏီက မျှော်လင့်ထား သည်။

နံနက် ၈း၃၀ နာရီ အချိန် စာရင်းအရ ယွမ် ၄၄.၂ ဘီလီယံတွင် ရပ်တည်နေကြောင်း အလီဘာဘာ ကုမ္ပဏီ၏ ကျဲ့ကျန်း ရုံးချုပ် စာရင်းအရ သိရသည်။

ယခုနှစ်အတွက် Singles’ Day သည် တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၂၀) အတွက် အဆိုပြုချက်များ ထုတ်ပြန်အပြီးတွင် ခမ်းနား ကြီးကျယ်စွာ ကျင်းပခဲ့သည့် ပွဲဖြစ်ပြီး အနာဂတ် စီးပွားရေး ကြီးထွားလာမှု၏ အခြေခံ ကျသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းလည်း ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ပျော်ရွှင်စရာအဖြစ် စတင်ဆင်နွှဲခဲ့သည့် Singles’ Day သည် လက်ရှိကာလများတွင် အွန်လိုင်း ရှော့ပင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူတန်းစားစုံ ဝယ်ယူသူများအကြား e-commerce အော်ပရေတာ အဖြစ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

Taobao နှင့် Tmall စသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး Concumer-to-consumer (C2C) နှင့် Business-to-consumer (B2C) ဈေးကွက်များအား ဦးစီး လုပ်ကိုင်နေသော အလီဘာဘာ သည် Singles’ Day ဈေးရောင်းပွဲတော် အွန်လိုင်း ရှော့ပင်းခေတ်အား ဦးဆောင်နေခဲ့သော်လည်း ယခုနှစ်များတွင်တော့ ၎င်း၏ ပြိုင်ဘက် JD.com အပါအဝင် ယှဉ်ပြိုင်မှုများ များပြားလာခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117