Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးအထိ မြင့်တက်လာ

ဘရာဇီးနိုင်ငံ၊ ပါရာနာပြည်နယ်ရှိ Iguazu အမျိုးသားဥယျာဥ်မှ Iguazu ရေတံခွန်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်တွင် နိုဝင်ဘာ ၇ ရက်က တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်း များကြောင့် အသက် ၇၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထပ်မံသေဆုံးသွားခြင်းနှင့်အတူ သေဆုံးသူ စုစု ပေါင်း ၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပါရာနာပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်၌ ထုတ်ပြန်ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ ၇ ဦးအနက် ၆ ဦးမှာ ရီယိုဘိုနီတိုဒိုအီဂူအာကူမြို့မှဖြစ်ပြီး အခြားတစ်ဦးမှာမူ အနီးဝန်းကျင်ရှိ ဂွါရာပူအာဗာ မြူနီစီပယ်မြို့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါဒေသတွင် မကြုံစဖူးအဖြစ်အနည်းဆုံး လေဆင်နှာမောင်းသုံးခုစံချိန်တင် ဖြစ်ပေါ်ခဲ့ပြီး ယင်းတို့ အနက် လေဆင်နှာမောင်းတစ်ခုမှာ လူဦးရေ ၁၄,၀၀၀ ခန့်နေထိုင်သော ရီယိုဘိုနီတိုဒိုအီဂူအာကူမြို့ကို မွှေနှောက်ဖျက်ဆီးသွားခဲ့ကာ မြို့ရှိ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးသွားခဲ့သည်။
လူ ၂၀ ဦးကို ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ ပြည်နယ် အစိုးရကလည်း လေဆင်နှာမောင်းဒဏ်သင့်ခဲ့သည့် ဒေသများတွင် ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုများကို ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး သွေးရည်ကြည်၊ ပတ်တီးများ၊ ဆေးထိုးအပ်များ၊ သွေးတိတ်စေသည့် အဝတ်စများကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။
မီးသတ်ဦးစီးဌာနကမူ ပျောက်ဆုံးသူများနှင့်ပတ်သက်သည့်သတင်းပေးပို့ချက်များ မရှိကြောင်း
ပြောကြားခဲ့သလို လက်ရှိအချိန်တွင် ရေ၊ ဓာတ်အားရရှိရေး၊ အစားအသောက်နှင့် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဖြူးပေးရေးတို့ကဲ့သို့ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်ရန် အာရုံစိုက် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
Death toll from Brazil tornadoes rises to 7
SAO PAULO, Nov. 11 (Xinhua)
The death toll from the tornadoes that struck the southern Brazilian state of Parana last Friday has risen to seven, following the death of a 70-year-old man, the state’s health ministry said Tuesday.
Among the deceased, six were killed in the town of Rio Bonito do Iguacu, while another died in the neighboring municipality of Guarapuava.
The region recorded at least three unprecedented tornadoes, one of which devastated Rio Bonito do Iguacu — a town of about 14,000 residents — where roughly 90 percent of buildings were damaged.
Twenty people remain hospitalized, health authorities said. The state government continues to provide medical support in the affected areas, supplying items such as serums, bandages, syringes and compresses.
The fire department said there were no reports of missing people, adding that efforts are now focused on restoring essential services, such as water and power supply, and ensuring the distribution of food and drinking water. ■
Photo:
This aerial photo taken on Sept. 29, 2023 shows the Iguazu Falls at Iguazu National Park in the state of Parana, Brazil. (Xinhua/Wang Tiancong)