International Organizations
၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကို အာဖရိကဘောလုံးအဖွဲ့ချုပ် ကြေညာ
ရာဘတ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ပရိသတ်များ မျှော်လင့်စောင့်စားနေသော ၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံး ကစားသမားဆု (CAF Awards) အတွက် ဆုအမျိုးအစားအလိုက် နောက်ဆုံး ဆန်ခါတင်ကစားသမားသုံးဦးစာရင်းကို အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က ထုတ်ပြန်ကြေညာခဲ့သည်။ယခုနှစ်အတွင်း အာဖရိကဘောလုံးလောကအတွက် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများနှင့် အောင်မြင်မှုများကို ဂုဏ်ပြုမည့် ဂုဏ်သိက္ခာကြီးမားသော အဆိုပါ ဆုပေးပွဲအခမ်းအနားအား မော်ရိုကိုနိုင်ငံ ရာဘတ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၈ နာရီ) ၌ ကျင်းပသွားမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးဂျာစီမြို့ရှိ မက်ထ်လိုက်ဖ် အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က ပြင်သစ်ကလပ် ပီအက်စ်ဂျီနှင့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ပရိသတ်များနှင့်အတူ အောင်ပွဲခံနေသော ပီအက်စ်ဂျီအသင်းမှ အက်ခရက်ဖ် ဟာကီမီ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)
အာဖရိကတိုက်၏ အကျော်ကြားဆုံး ကြယ်ပွင့်ကစားသမားသုံးဦးက တစ်နှစ်တာအကောင်းဆုံး အာဖရိကကစားသမားဆုအတွက် ယှဉ်ပြိုင်ရွေးချယ်ခံမည်ဖြစ်ကာ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်သော ကစားသမားသုံးဦးမှာ မိုဟာမက် ဆာလာ (အီဂျစ်/လီဗာပူးလ်)၊ အက်ခရက်ဖ် ဟာကီမီ (မော်ရိုကို/ ပီအက်စ်ဂျီ) နှင့် ဗစ်တာ အိုဆင်မန် (နိုင်ဂျီးရီးယား/ ဂါလာတာစာရေး) တို့ဖြစ်ကြပြီး ၎င်းတို့သုံးဦးစလုံးမှာ အမြင့်ဆုံးအဆင့်၌ အံ့မခန်းအောင်မြင်မှုများကို ရရှိခဲ့သူများဖြစ်သည်။

ထို့ပြင် CAF က တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု၊ တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု၊ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံး လက်ရွေးစင်အသင်းဆု၊ တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆုတို့အတွက် ဆန်ခါတင်စာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ် CAF Awards ဆုများမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ကလပ်အသင်း၌လည်းကောင်း၊ နိုင်ငံလက်ရွေးစင်အသင်း၌လည်းကောင်း အကောင်းဆုံးစွမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
CAF announces nominees for 2025 African Football Awards
RABAT, Nov. 17 (Xinhua) — The Confederation of African Football (CAF) on Sunday unveiled the final three-man shortlists in each of the men’s categories for the highly anticipated 2025 CAF Awards.
The prestigious ceremony will be held in Rabat, Morocco, on Nov. 19, 2025, starting at 7:00 p.m. local time (1800 GMT), to celebrate the outstanding performances and achievements that have marked African football this year.
Three of the continent’s biggest stars are in contention for the African Player of the Year award: Mohamed Salah (Egypt/Liverpool), Achraf Hakimi (Morocco/Paris Saint-Germain) and Victor Osimhen (Nigeria/Galatasaray), all of whom have enjoyed remarkable seasons at the highest level.
CAF also announced the shortlists for Goalkeeper of the Year, Interclub Player of the Year, Coach of the Year, Young Player of the Year, National Team of the Year and Club of the Year.
The 2025 CAF Awards recognize outstanding performances at club and national team level during the period from Jan. 6 to Oct. 15, 2025.
English Caption 1
Liverpool’s Mohamed Salah celebrates after the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025. (Xinhua)
English Caption 2
Achraf Hakimi (L) of Paris Saint-Germain celebrates with supporters after the semifinal match between Paris Saint-Germain (France) and Real Madrid (Spain) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 9, 2025. (Xinhua/Li Ming)
