International Organizations
မိုချန်ဂလက်ဘက်က ပိုလန်စကီးကို နည်းပြချုပ်အဖြစ် ခန့်အပ်
ဘာလင်၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)
ဘိုရှပ်ရှား မိုချန်ဂလက်ဘက်က အူဂန်ပိုလန်စကီးကို ၂၀၂၈ ခုနှစ်အထိ နည်းပြချုပ်အဖြစ် နိုဝင်ဘာ ၁၈ ရက်က စာချုပ်ချုပ်ဆိုခန့်အပ်လိုက်ပြီး အသင်းကို ယာယီတာဝန်ယူခဲ့စဥ်ကာလအတွင်း တည်ငြိမ်မှု ရှိအောင်ဦးဆောင်နိုင်ခဲ့ခြင်းကြောင့် ယင်းတို့၏ကွင်းလယ်ကစားသမားဟောင်းကို နည်းပြချုပ်အဖြစ် တိုးမြှင့်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ပိုလန်စကီးသည် စက်တင်ဘာလအလယ်က ကလပ်၏အရန် အသင်းမှ မိုချန်ဂလက်ဘက်အသင်းကြီးသို့ရောက်ရှိလာခဲ့ကာ ရာသီအစောပိုင်းကာလများတွင် ဟန်ချက် ညီရန် ရုန်းကန်ခဲ့ရသည့်အသင်းအား တဖြည်းဖြည်း တည်ငြိမ်လာစေအောင် ဦးဆောင်ပေးနိုင်ခဲ့သည်။
ပိုလန်စကီး၏ ဦးဆောင်မှုအောက်တွင် မိုချန်ဂလက်ဘက်မှာ ကားလ်ရူဟာနှင့်ကစားခဲ့သည့် ဂျာမန် ပိုကယ်ဖလားပွဲ၊ စိန့်ပေါ်လီနှင့် ကိုလုန်းအသင်းများနှင့်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲများအပါအဝင် သုံးပွဲဆက်တိုက်အနိုင်ရခဲ့ကာ မိုချန်ဂလက်ဘက်ကိုလည်း အမှတ်ပေးဇယားအလယ်ပိုင်းသို့ ရောက်ရှိ လာအောင် ပိုလန်စကီးက စွမ်းဆောင်ပေးနိုင်ခဲ့သည်။
မိုချန်ဂလက်ဘက်တာဝန်ရှိသူများကမူ ပိုလန်စကီး၏ နည်းဗျူဟာပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားမှုနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အရည်အသွေးများက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အဓိကအချက်များ ဖြစ်စေခဲ့ကြောင်း မီးမောင်းထိုး ပြောကြားခဲ့ကြသည်။
“ပိုလန်စကီးရဲ့ အသင်းအတွက် စိတ်ကူးအတွေးအခေါ်တွေနဲ့ သူ့ရဲ့စရိုက်လက္ခဏာတွေက အထင်ကြီးစရာကောင်းခဲ့ပြီး ကျွန်တော်တို့ကလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ကြပါတယ်” ဟု အားကစား ဒါရိုက်တာ ရိုဗန်ရှရိုဒါက ပြောကြားခဲ့သည်။
ပိုလန်စကီး၏ချဉ်းကပ်မှုသည် ရှင်းလင်းပြတ်သားသော ဦးတည်ချက်ကိုပံ့ပိုးပေးနိုင်ခဲ့သလို မကြာသေး မီက ရရှိခဲ့သည့် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေစေရန်ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ရှရိုဒါက ထပ်လောင်းပြောကြားခဲ့သည်။
မိုချန်ဂလက်ဘက်လူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့ပြီး အသင်းကြီးအတွက် ပွဲပေါင်း ၅၀ ကျော် ကစားခဲ့သည့် ပိုလန်စကီးက နည်းပြအဖြစ်ခန့်အပ်ခံရမှုသည် ၎င်း၏ ဘောလုံးသက်တမ်းတစ်လျှောက် ဖြတ်သန်းမှုတွင် အလွန်လေးနက်သောအဓိပ္ပာယ်ရှိသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပိုလန်စကီးက ၎င်း၏ မွေးရပ်မြေကလပ်အသင်းကို နည်းပြခွင့်ရခဲ့၍ ဂုဏ်ယူကြောင်း အလေးပေး ပြော ကြားခဲ့သလို “တောင်းဆိုနေသော ပထမအဆင့်” ဟု ၎င်းခေါ်ဆိုသတ်မှတ်ထားသည့် ၎င်း၏နည်းစနစ် များကိုလက်ခံယုံကြည်ပေးခဲ့ကြသော ဝန်ထမ်းများနှင့်အသင်းကိုလည်း ချီးကျူးဂုဏ်ပြုစကား ပြော ကြားခဲ့သည်။
မိုချန်ဂလက်ဘက်ကို ယာယီတာဝန်ယူခဲ့စဥ်အတွင်း ပိုလန်စကီးက ပိုမိုကျစ်လစ်သော ခံစစ် တည်ဆောက်မှုကို ကျင့်သုံးအကောင်အထည်ဖော်ကစားစေခဲ့သလို လုပ်အားနှုန်းနှင့်စည်းကမ်းပိုင်းကို အသားပေးကာ ကွင်းလယ်ကို ပြန်လည်ဟန်ချက်ညီအောင် ပြုလုပ်ခဲ့သည်။ မိုချန်ဂလက်ဘက်မှာ တိုက်စစ်ပိုင်းတွင်လည်း ပိုမိုအားကောင်းလာခဲ့ပြီး နောက်ဆုံးကစားခဲ့သည့်ပြိုင်ပွဲအသွင် နောက်ဆုံး သုံးပွဲတွင် ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ပိုလန်စကီးကို အသင်းကြီးနည်းပြချုပ်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ခြင်းကြောင့် မိုချန်ဂလက်ဘက်၏ ယူ-၂၃ အသင်းနည်းပြနေရာအတွက် လစ်လပ်သွားခဲ့သလို လာမည့်သီတင်းပတ်များအတွင်း ကလပ်အတွင်း ပြန်လည်တည်ဆောက်မှုများပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Monchengladbach appoints Polanski as head coach
BERLIN, Nov. 18 (Xinhua)
Borussia Monchengladbach appointed Eugen Polanski as head coach on Tuesday on a contract running until 2028, rewarding the former midfielder for stabilizing the team during his interim spell.
The 39-year-old stepped up from the club’s reserve side in mid-September and gradually steadied a squad that had struggled for rhythm early in the campaign. His influence grew as Gladbach won three consecutive matches, including a DFB Cup victory over Karlsruher SC and Bundesliga wins against St. Pauli and Cologne, lifting the team into mid-table.
Club officials highlighted Polanski’s tactical clarity and leadership qualities as key reasons for making the appointment permanent. “We held open and constructive discussions and were impressed from the outset by his character and his ideas for the team,” said sporting director Rouven Schroder. He added that Polanski’s approach provided “clear direction” and would help maintain the recent upward trend.
A youth product who made over 50 senior appearances for the Foals, Polanski described the appointment as a “deeply meaningful step” in his career. He emphasized the pride he felt coaching his hometown club and credited the staff and squad for embracing his methods throughout what he called “a demanding first phase.”
During his interim spell, Polanski implemented a more compact defensive structure and rebalanced the midfield with an emphasis on work rate and positional discipline. The side also became more incisive in attack, scoring 10 goals in its last three competitive outings.
Polanski’s promotion leaves a vacancy in the club’s U23 setup, with internal restructuring expected in the coming weeks. ■
Photo:
Players of Borussia Moenchengladbach celebrate after the German first division of Bundesliga football match between Borussia Moenchengladbach and FC Cologne in Moenchengladbach, Germany, Nov. 8, 2025. (Photo by Ulrich Hufnagel/Xinhua)
