Connect with us

Culture & Entertainment

ပျူခေတ်မှသည် ရတနာပုံ ခေတ်ထိ မြန်မာ့လက်ဝတ် ရတနာများ အမျိုးသားပြတိုက် တွင်ပြသ

မြန်မာ့ ရှေးဟောင်း အဆင် တန်ဆာပြခန်း (Myanmar Ancient Ornaments) တွင် ပြသထားသည့် ပျူခေတ် ဣန္ဒနီလာ ရွှေဆွဲသီး အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်၏ မြန်မာ့ ရှေးဟောင်း အဆင်တန်ဆာ ပြခန်းတွင် ပျူခေတ်မှသည် ရတနာပုံ ခေတ်ထိ ဝတ်ဆင်ခဲ့ကြသော ရှေးဟောင်း မြန်မာ့ လက်ဝတ် ရတနာ အဆင်တန်ဆာများကို ခင်းကျင်း ပြသထားပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ရတနာများအား အမျိုးသား ပြတိုက် (ရန်ကုန်) ၏ တတိယထပ် (Third Floor)၊ မြန်မာ့ ရှေးဟောင်း အဆင်တန်ဆာ ပြခန်းတွင် ပြသထားခြင်း ဖြစ်သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူက “ မြန်မာ့ သမိုင်းကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ကိုလေ့လာနိုင်အောင် အခုလို ပြသထားတာပါ။ ခေတ်အဆက်ဆက် ယဉ်ကျေးမှု ပြောင်းလဲတာကို တွေ့ရှိရမှာပါ’’ ဟု ဆင်ဟွာကို ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117