Connect with us

Local

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ် ၄၉ ဘီလျံကျော်ဖိုး ရောင်းချခဲ့ရ


နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်း ချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ(ကျောက်မျက်ပြပွဲခန်းမ)တွင် နိုဝင်ဘ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ် ၄၉ ဘီလျံကျော်(ကျပ် သန်း ၄၉၀၉၃ ဒသမ ၃၉) ဖိုး ရောင်းချခဲ့ရကြောင်း ယနေ့ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချသည် ကျောက်မျက်ပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ယခု ပွဲတွင် အသားကျောက် အတွဲပေါင်း ၃၃၃၉ တွဲနှင့် ကျောက်မျက် ၉၆ တွဲ တင်ပြထားခဲ့ပြီး ၎င်းတို့အနက် ကျောက်စိမ်းအသားကျောက် ၃၁၈၅ တွဲကို ကျပ် ၄၈ ဒသမ ၂၉၈ ဘီလျံကျော်ဖြင့်လည်းကောင်း၊ ကျောက်မျက် အတွဲ ၅၀ ကို ကျပ် ၇၉၄ ဒသမ ၉ သန်း ဖြင့်လည်းကောင်း အသီးသီး ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ ပြည်တွင်း ရတနာ ကုမ္ပဏီ၊ သမဝါယမအသင်းနှင့် ကုန်သည်အဖွဲ့ စုစုပေါင်း ၄၈၉ ခုတို့မှ ကျောက်မျက်ကုန်သည် ၅၃ ဦး၊ ကျောက်စိမ်းကုန်သည် ၁၄၄၀ ဦး၊ စုစုပေါင်း ၁၄၉၃ ဦးတို့တက်ရောက် ဝယ်ယူခဲ့ကြကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117