Connect with us

Politics, Law & Military

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ ကျပ် သိန်း ၁၆၀၀ တန်ဖိုးရှိ ပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်း


ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားပတ်ဝန်းကျင်ဒေသများနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့ စသည့် မြို့နယ်သုံးခုမှ စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ပစ္စည်းများနှင့် ကျပ် သိန်း ၁၂၀ တန်ဖိုးရှိ ဆေးဝါးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၀ရက်)တွင် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang၊မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင၊် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊အစိုးရအဖွဲ့ဝင်များ၊ စစ်ဘေးရှောင်စခန်းများမှ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက အနာဂတ်တွင်လည်း ကချင်ပြည်နယ်အစိုးရနှင့် ပြည်သူလူထု၏ လိုအပ်ချက်အရ ကချင်ပြည်နယ် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌ တတ်နိုင်သမျှအကူအညီများ ဆက်လက်ပေးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

“အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးပဲ၊ငြိမ်းချမ်းရေးသာရရင် ဒီIDP စခန်းတွေရှိစရာမလိုတော့ဘူး၊ကချင်ပြည်နယ်မှာ IDP စခန်းတွေ မှိုလိုပေါက်နေတာ ကျွန်တော်အနေနဲ့ မလိုလားပါဘူး”ဟုကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကပြောကြားသည်။အဆိုပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ လှူဒါန်းမှုများကိုမြစ်ကြီးနားဒေသရှိ စစ်ဘေးရှောင်စခန်း(၇)ခုဖြစ်သည့် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်း KBC စစ်ဘေးရှောင်စခန်း၊ ဝိုင်းမော်မြို့နယ်ရှိ မိုင်နားကက်သလစ် စစ်ရှောင်စခန်းနှင့် ခတ်ချိုစစ်ရှောင်စခန်း၊ မြစ်ဆုံဒေသရှိ တန်ဖဲစစ်ရှောင်စခန်း၊ မြစ်ကြီးနားမြို့ရှိ ပလနစစ်ရှောင်စခန်း၊ ဂျာမိုင်ကောင်းRCနှင့် ရှိန်ပြကောင် စစ်ရှောင်စခန်းတို့မှ အိမ်ခြေ ၁၄၁၆လုံးအတွက် ဆန်၊ဆီ၊စောင်နှင့် ဆေးဝါးများ လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

“ဒီနေ့အလှူဟာ နယ်မြေအေးချမ်းမှုမရှိလို့ မိမိတို့ဒေသကို စွန့်ခွာပြီးတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခတွေကြုံတွေ့နေရတဲ့ပြည်သူတွေအတွက် လှူဒါန်း တဲ့ပွဲဖြစ်ပါတယ်၊ တစ်ဖက်ကငြိမ်းချမ်းရေးအတွက် ကြိုးစားစဉ်မှာ ဒီလိုဒုက္ခသည်တွေကို ပစ်ပယ်ထားလို့မရပါဘူး၊လိုအပ်ချက်တွေက်ုဖြည့်ဆည်းပေးတဲ့နေရာမှာ အိမ်နီးချင်းကောင်းပီသစွာ ဒီလိုလာရောက်ဆောင်ရွက်ပေးတာ ကျွန်တော်တို့ အတွက် အလွန်အဖိုးတန်တယ်”ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liangနှင့် အဖွဲ့သည် ယနေ့မြစ်ကြီးနားသို့ရောက်ရှိပြီး Love Orphan Centerမိဘမဲ့ဂေဟာနှင့် Grace Happy Land မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ဂေဟာများသို့သွားရောက်ပြီး ဆန်၊ဆီ၊စောင်နှင့် စာရေးကိရိယာများလည်း လှူဒါန်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117