International Organizations
အရှေ့အလယ်ပိုင်းဒေသ ချက်ချင်း အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲများရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးပြန်လည်စတင်ရန် တရုတ်နိုင်ငံက တိုက်တွန်း
ကုလသမဂ္ဂ၊ မတ် ၁၉ ရက် (ဆင်ဟွာ)
ဆီးရီးယားအခြေအနေကို ဆွေးနွေးရာတွင် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်လုံး၏ အခြေအနေနှင့် ကင်းကွာ မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲများ ရပ်တန့်ရန်၊ စစ်မက်မီးလျှံ ထပ်မံတစ်ဆင့်တိုးပျံ့နှံ့လာမှုကို ကာကွယ်ရန်၊ တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးစတင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက မတ် ၁၈ ရက်တွင် လုံခြုံရေးကောင်စီ ဆီးရီးယားအရေး တံခါးဖွင့်အစည်းအဝေးတွင် ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးသည် ဘေးအန္တရာယ်၏ချောက်နက်ထဲသို့ တွန်းပိုခံနေရရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ပူပန်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ စစ်ပွဲအချိန်ကြာရှည်ဆက်လက်ဖြစ်ပွားနေခြင်းသည် ဒေသခံပြည်သူများအတွက် ဘေးဒုက္ခများကို ပိုမို သယ်ဆောင်ပေးမည်သာဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားလှသောအနုတ်လက္ခဏာသက်ရောက်မှုရှိစေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လတွင် ဆီးရီးယားအခြေအနေသည် အပြုသဘောဆောင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရာ အရှေ့မြောက်ပိုင်း တင်းမာမှုအခြေအနေများ အထိုက်အလျောက် ပြေလျော့လာကြောင်း၊ ဆီးရီးယားအရေးသည် နောက်ဆုံးတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ဆီးရီးယားနိုင်ငံသားများဦးဆောင်၍ ဆီးရီးယားနိုင်ငံသားများ ပိုင်ဆိုင်ခြင်း” ဟူသော အခြေခံမူကို ထောက်ခံအားပေးကြောင်း၊ ဆီးရီးယားနိုင်ငံ ဘက်အသီးသီးက အားလုံးပါဝင်နိုင်သော ဆွေးနွေးမှုဖြင့် နိုင်ငံရေးသင့်မြတ်မှုလုပ်ငန်းစဉ်ကို တွန်းအားပေးရန်၊ ပဋိပက္ခများ ဆောလျင်စွာ ချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိရန် အားပေးကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အကြမ်းဖက်အင်အားသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆိုးရွားသည့် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
မကြာမီကာလများတွင် ဆီးရီးယားနိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကို အခွင့်ကောင်းယူ၍ ထိန်းသိမ်းထားသည့်အဆောက်အဦများမှ အကြမ်းဖက်သမားများ ထွက်ပြေးသည့် လုံခြုံရေးအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်း မရှိသေးကြောင်း၊ ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများသည်လည်း ဆီးရီးယားနိုင်ငံအတွင်း တက်ကြွလှုပ်ရှားလျက်ရှိနေဆဲဖြစ်ကြောင်း၊ ဒေသတွင်းအခြေအနေ ကြီးမားသည့်ပြောင်းလဲမှုဖြစ်ပွားခြင်းက ဆီးရီးယားနိုင်ငံအတွင်းခိုအောင်းနေသည့် အကြမ်းဖက်အင်အားစု ကြီးထွားလာရန် အလားအလာများ ဖြစ်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ မည်သည့်ပုံစံကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သလို အကြမ်းဖက်တိုက်ဖျက်ရေးကိစ္စတွင် “စံနှုန်းနှစ်မျိုး” ထားရှိခြင်းကိုလည်း ကန့်ကွက်ကြောင်း၊ ဆီးရီယားအသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် နိုင်ငံတကာတာဝန်ဝတ္တရာများကို ထမ်းဆောင်ရန်၊ ထိရောက်သောအစီအမံမှန်သမျှကို အသုံးပြု၍
အရှေ့တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) အပါအဝင် လုံခြုံရေးကောင်စီက အမည်စာရင်းသွင်းထားသည့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများကို ပြတ်ပြတ်သားသားတိုက်ဖျက်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ ဆိုးရွားပြီး လူသားချင်းစာနာမှုထောက်ပံ့ရေးနှင့် လိုအပ်ချက်၏ ပဋိပက္ခကလည်းပေါ်လွင်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အစဉ်အလာ အလှူရှင်များအနေဖြင့် ဆီးရီးယားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုတိုးမြှင့်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း ပြေလျော့ရေးအတွက် ပိုမိုကြိုးပမ်းကြရန် တိုက်တွန်းကြောင်း၊ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများသည် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ရာ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ၏ အနုတ်လက္ခဏာသက်ရောက်မှုများကို ဆောလျင်စွာ ဖယ်ရှားနိုင်ရေးအတွက် နောက်ထပ်အစီအမံများကို ချမှတ်ဆောင်ရွက်သင့်ပြီး ဆီးရီးယားနိုင်ငံ စီးပွားရေးပြန်လည်ကောင်းမွန်စေရန်အတွက် အဟန့်အတားများကို ခြေခြေမြစ်မြစ် ဖယ်ရှားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
中国代表:中方呼吁中东地区立即停火止战 尽快重返对话谈判
新华社联合国3月18日电 中国常驻联合国代表傅聪18日在安理会叙利亚问题公开会上发言时表示,讨论叙利亚形势时,不能离开中东地区整体局势。中方呼吁立即停火止战,防止战火进一步蔓延,尽快重返对话谈判。
傅聪说,整个中东局势正在被推向危险的深渊,中方对此深表关切。战事继续延宕只会给当地人民带来更多苦难,对地区和全球经济造成巨大负面影响。中方愿继续为争取和平发挥建设性作用。
傅聪说,过去一个月,叙利亚形势出现积极变化,东北部局势有所降温。叙利亚问题最终要依靠政治解决。中方支持“叙人主导、叙人所有”的原则,鼓励叙利亚各方开展包容性对话,推进政治和解进程,早日平息冲突,回归和平稳定。
傅聪表示,恐怖势力对地区和平与安全构成严重威胁。近期,叙境内发生多起恐袭事件,恐怖分子乘乱逃离关押设施的安全风险尚未消除,外国恐怖作战分子在叙依然活跃。地区局势发生重大变化,可能为踞叙恐怖势力扩张提供新的空间。中方坚决反对一切形式的恐怖主义,反对在反恐问题上搞“双重标准”。中方呼吁叙利亚过渡政府履行国际义务,采取一切有效措施,坚决打击包括“东伊运”在内的所有被安理会列名的国际恐怖组织。
傅聪强调,叙利亚人道局势严峻,人道供需矛盾突出。中方呼吁传统捐助方加大对叙人道援助,为缓解人道危机作出更大努力。叙利亚经济活动仍然面临困难,有关国家应当采取进一步措施,尽早消除单边制裁的负面影响,从根本上扫清叙恢复经济的障碍。(完)
1. Representatives vote on a draft resolution during a Security Council meeting at the UN headquarters in New York, on Jan. 30, 2026. (Manuel Elias/UN Photo/Handout via Xinhua)
