Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် ရေးမြို့နယ်၌ လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ခန့် ပျက်စီးဆုံးရှုံး


ရန်ကုန်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာအုပ်စု ကုလားကုတ်အောက်ဆိပ် ကျေးရွာတွင် ယနေ့ နံနက် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ (၁၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအားတွေ့ရစဉ်(MOI)

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ခြေ (၁၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း ကနဦးသတင်းအရ သိရသည်။ယင်းလေပြင်းတိုက်ခိုက်ရာနေရာသို့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရိှသူ များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117