China
ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ထရမ့် ထျန်းထန် ဥယျာဉ်အား လေ့လာကြည့်ရှု
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဥ် ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် မေ ၁၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းထန်ဥယျာဉ်အား လေ့လာကြည့်ရှုခဲ့သည်။
ရှီကျင့်ဖိန်က ထျန်းထန်ဥယျာဉ် ချီနျန်နန်းဆောင်တွင် ထရမ့် ရောက်ရှိလာမှုကို ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများက ချီနျန်နန်းဆောင်ရှေ့ရင်ပြင်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးပြီး ချီနျန်နန်းဆောင်အား အတူတကွ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

—————-
(Chinese Version)
习近平同美国总统特朗普参观天坛
新华社北京5月14日电 5月14日,国家主席习近平同来华进行国事访问的美国总统特朗普参观天坛。
习近平在祈年殿迎接特朗普到访。两国元首在祈年殿广场合影,并共同参观祈年殿。(完)
