Connect with us

China

“ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု” စာအုပ် (ပထမတွဲ) အား အာရပ်ဘာသာဖြင့် မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနားကို ကိုင်ရိုမြို့တွင် ကျင်းပ

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း အက်ဆမ် ရှရက်ဖ် (ယာ-ဒုတိယ)၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Liao Liqiang (ဝဲ-ပထမ) နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သတင်းဌာနများအသင်း ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဘင်အက်ဒ် ရက်ဘို အယ်လ်-ယာမီ (ယာ-ပထမ) တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် "ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု" စာအုပ် (ပထမတွဲ) အား အာရပ်ဘာသာဖြင့် ထုတ်ဝေမှုအား အတူတကွ မိတ်ဆက်ပေးနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၄ ရက် (ဆင်ဟွာ)

“ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု” စာအုပ် (ပထမတွဲ) အား အာရပ်ဘာသာဖြင့် တစ်ကမ္ဘာလုံးသို့ မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနားကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် မေ ၁၃ ရက်က ကျင်းပခဲ့သည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း အက်ဆမ် ရှရက်ဖ်၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Liao Liqiang နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သတင်းဌာနများအသင်း ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဘင်အက်ဒ် ရက်ဘို အယ်လ်-ယာမီတို့က အဆိုပါစာအုပ်သစ်ကို အတူတကွ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအပြင် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ မီဒီယာ၊ Think Tank အဖွဲ့၊ အစိုးရအဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း ၁၁၀ ခန့်မှ ကိုယ်စားလှယ် ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည့် နှစ်ရက်ကြာ ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါစာအုပ်အား တစ်ကမ္ဘာလုံးသို့ မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဖုက ခေတ်သစ်အစပြုချိန်မှစ၍ ဆင်ဟွာသတင်းဌာနသည် သမ္မတရှီ၏ တရုတ်နိုင်ငံအား စီမံခန့်ခွဲရာတွင် အံ့မခန်းအောင်မြင်မှုများနှင့် ထူးခြားသော အလေ့အထများကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ဖော်ပြခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ သတင်းဖော်ပြချက်များအပေါ် အခြေခံ၍ ဆင်ဟွာသတင်းဌာနက “ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု” စာအုပ်အတွက် အကြောင်းအရာများ စုစည်းကာ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ချဉ်းကပ်နည်းနှင့် ယင်းနောက်ကွယ်မှ အတွေးအမြင်တို့ကို ကမ္ဘာကြီးအား မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစာအုပ်ကို အာရပ်ဘာသာဖြင့် ထုတ်ဝေခြင်းက တရုတ်နိုင်ငံအကြောင်း စူးစမ်းလေ့လာနိုင်ရန်နှင့် ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်စေရန် အာရပ်ကမ္ဘာအတွက် အရေးပါသော အခွင့်အလမ်းသစ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဖုက ပြောသည်။

ဆင်ဟွာသတင်းဌာနအနေဖြင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စရပ်များကို သုတေသနပြုခြင်း၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ရေးသားဖော်ပြခြင်း စသည်တို့တွင် အာရပ် မီဒီယာအဖွဲ့အစည်းများ၊ Think Tank အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် မျှော်လင့်ထားကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် အတွေ့အကြုံများနှင့် အသိအမြင်များ မျှဝေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းတွင် စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်သော အသိပညာများနှင့် အားအင်များ ဖြည့်ဆည်းပံ့ပိုးပေးရန်လည်း ရည်မှန်းထားသည်ဟု ဖုက ဆက်လက်ပြောသည်။
ထိုစာအုပ်ကို အာရပ်ဘာသာဖြင့် ထုတ်ဝေခြင်းက နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရှီ၏ အတွေးအမြင်များနှင့် ခေတ်သစ်ကာလ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ပိုမိုလေးလေးနက်နက် နားလည်သိရှိနိုင်စေရန် အာရပ်ကမ္ဘာအတွက် အရေးပါသော ကိုးကားရည်ညွှန်းချက် ဖြစ်သည်ဟု အခမ်းအနားတက်ရောက်လာသူများက ဆိုသည်။
ထို့အတူ တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု မြှင့်တင်ရာတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ကာ တူညီဆန္ဒများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုစည်းရာတွင်လည်းကောင်း၊ ပိုမိုအဆင့်မြင့်မားသော တရုတ်-အာရပ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းအတွက် ပိုမိုအားကောင်းသော အရှိန်အဟုန်များ ဖြည့်တင်းရာတွင်လည်းကောင်း ထိုစာအုပ်က အထောက်အကူပေးနိုင်မည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါ အခမ်းအနား၌ ဆင်ဟွာသတင်းဌာနက “ခေတ်သစ် တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” ဟု အမည်ပေးထားသော Think Tank အစီရင်ခံစာနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း၏ ရေပန်းစားသော စကားရပ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း” ဟု အမည်ပေးထားသော အစီရင်ခံစာတို့ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးကွန်ဖရင့်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် “ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု” စာအုပ် (ပထမတွဲ) အား အာရပ်ဘာသာဖြင့် ထုတ်ဝေမှုကို တစ်ကမ္ဘာလုံးသို့ မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား၌ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးကွန်ဖရင့်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် “ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု” စာအုပ် (ပထမတွဲ) အား အာရပ်ဘာသာဖြင့် ထုတ်ဝေမှုကို တစ်ကမ္ဘာလုံးသို့ မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား မြင်ကွင်းအား ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Arabic edition of Volume I of “China’s Governance Under Xi Jinping’s Leadership” launched in Cairo
CAIRO, May 13 (Xinhua) — The global launch of the Arabic edition of the first volume of “China’s Governance Under Xi Jinping’s Leadership” was held here Wednesday.
President of Xinhua News Agency Fu Hua, former Egyptian Prime Minister Essam Sharaf, Chinese Ambassador to Egypt Liao Liqiang, and Director-General of the Union of News Agencies of the Organization of Islamic Cooperation Muhammad bin Abd Rabbo Al-Yami jointly unveiled the new book.
The global launch was part of the two-day Global South Media and Think Tank Forum Chinese-Arab Partnership Conference, which opened on Tuesday and gathered about 250 representatives from around 110 media outlets, think tanks, government institutions, and enterprises from China and Arab countries, as well as from international and regional organizations.
Addressing the event, Fu said that since the beginning of the new era, Xinhua has provided extensive coverage of the extraordinary practices and remarkable achievements of Xi’s governance of China.
Based on these reports, Xinhua has compiled and published “China’s Governance Under Xi Jinping’s Leadership,” introducing to the world China’s approach to governance and the philosophy behind it, he said, adding that the launch of the Arabic edition will open an important new window for the Arab world to observe and better understand China.
Xinhua, Fu said, looks forward to strengthening cooperation with Arab media outlets and think tanks in research, interpretation, and presentation on major issues related to state governance, with a view to sharing experience and insights for national development and state building, and contributing greater wisdom and strength to solidarity, cooperation, and common development across the Global South.
Participants of the event said the launch of the Arabic edition provides an important reference for the Arab world to gain a deeper understanding of Xi’s thoughts on governance and China’s development achievements in the new era.
They said it will help enhance mutual understanding and trust between China and Arab countries, deepen exchanges on governance experience, and build a broader consensus for and inject stronger momentum into building a higher-level China-Arab community with a shared future.
At the event, Xinhua also released a think tank report titled “Achievements, Opportunities, and Prospects of China-Arab Cooperation in the New Era” and a publication titled “Decoding the Buzzwords of the Global South.”
English Caption 1
President of Xinhua News Agency Fu Hua, former Egyptian Prime Minister Essam Sharaf (2nd R), Chinese Ambassador to Egypt Liao Liqiang (1st L), and Director-General of the Union of News Agencies of the Organization of Islamic Cooperation Muhammad bin Abd Rabbo Al-Yami (1st R) jointly unveil the Arabic edition of the first volume of “China’s Governance Under Xi Jinping’s Leadership”, in Cairo, Egypt, May 13, 2026. (Xinhua/Xin Mengchen)
English Caption 2
President of Xinhua News Agency Fu Hua addresses the global launch of the Arabic edition of the first volume of “China’s Governance Under Xi Jinping’s Leadership,” which is part of the Global South Media and Think Tank Forum Chinese-Arab Partnership Conference, in Cairo, Egypt, May 13, 2026. (Xinhua/Xin Mengchen)
English Caption 3
This photo taken on May 13, 2026 shows a scene during the global launch of the Arabic edition of the first volume of “China’s Governance Under Xi Jinping’s Leadership,” which is part of the Global South Media and Think Tank Forum Chinese-Arab Partnership Conference, in Cairo, Egypt, May 13, 2026. (Xinhua/Liu Lei)