Connect with us

China

ထရမ့်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ် လာရောက်သော လုပ်ငန်းရှင်များက တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်အခွင့်အလမ်းများကို အကောင်းမြင်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) တွင် Apple ကုမ္ပဏီ ထောက်ပံ့ရေးကွင်းဆက် ပြခန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလျက်ရှိသည်။ အဆိုပါခရီးစဉ်တွင် အတူတကွလိုက်ပါလာသည့် အမေရိကန် စက်မှုစီးပွားလောက လူပုဂ္ဂိုလ်များက မေ ၁၄ ရက်၌ ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာတွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း၊ နှစ်နိုင်ငံအကြီးအကဲ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခြင်းသည် အမေရိကန်-တရုတ် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွက် မောင်းနှင်အားအသစ်များ ဖြည့်တင်းပေးလိုက်သလို ကမ္ဘာ့စီးပွားရေး အတွက်လည်း သေချာရေရာမှုများ ပံ့ပိုးပေးလိုက်သည်ဟု တစ်ပြေးညီယူဆကြသည်။
၎င်းတို့က တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်အခွင့်အလမ်းများအပေါ် အကောင်းမြင်ကြောင်း ပြောကြားခဲ့ကြပြီး တရုတ်နိုင်ငံနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ ကုန်သွယ်စီးပွား ချိတ်ဆက်လှုပ်ရှားမှုကို နက်ရှိုင်းစေရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား‌ဖော်ဆောင်ရန် ပြင်းပြသောဆန္ဒများကို ဖော်ပြခဲ့သည်။
မေးမြန်းမှု ဖြေကြားသည့် စက်မှုစီးပွားလောက ကိုယ်စားလှယ်များတွင် နည်းပညာ၊ ဘဏ္ဍာရေး စသည့် ကဏ္ဍစုံမှပါဝင်ပြီး ၎င်းတို့က ယခုအကြိမ် တရုတ်-အမေရိကန် အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေရေးကို အားဖြည့်ရန်၊ စည်ပင်ဝပြောရေး အတူတကွမြှင့်တင်မှုကို တွန်းအားပေးရန်အတွက် မောင်းနှင်အားများ ဖြည့်တင်းပေးမည်ဟု ယူဆကြသည်။
“တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခွင့်ရတဲ့အတွက် ကျွန်တော်အလွန်စိတ်လှုပ်ရှားမိပါတယ်။ နှစ်နိုင်ငံအကြီးအကဲရဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးမှုက သိပ်ကိုအောင်မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုထဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာအချို့က ကိုယ်စီအတွက် အရေးကြီးတဲ့အခွင့်အလမ်းတွေပဲဖြစ်ပါတယ်၊ အထူးသဖြင့် နည်းပညာကဏ္ဍမှာပေါ့” ဟု Qualcomm ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Cristiano Amon က ပြောကြားခဲ့သည်။
Tesla အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က ၎င်းအနေဖြင့် ယခုအကြိမ် နှစ်နိုင်ငံအကြီးအကဲ တွေ့ဆုံဆွေးနွေးမှုအပေါ် “အလွန်ကောင်းတယ်လို့ ခံစားရ” ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကောင်းမွန်သည့် ရလဒ်များ ရရှိသင့်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။
Citigroup အမှုဆောင်အရာရှိချုပ် Jane Fraser က အမေရိကန်-တရုတ် နှစ်ဦးနှစ်ဖက်၏ ယခုအကြိမ် ဆက်ဆံဖလှယ်မှု အခြေအနေတစ်ရပ်လုံးသည် အလွန်အပြုသဘောဆောင်မှုရှိကြောင်း၊ ယင်းသည် ၎င်းအနေဖြင့် ဒုတိယအကြိမ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် တတိယအကြိမ် ခရီးစဉ်လာရောက်နိုင်ခြေရှိကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လက်ရှိအခြေအနေအား လက်တွေ့နားလည်သိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ “အရေးကြီးဆုံးက နှစ်နိုင်ငံအစိုးရက အပြန်အလှန်လေးစားမှု အခြေခံပေါ်မှာ ချိတ်ဆက်ညှိနှိုင်းမှုတွေလုပ်ဆောင်ပြီး သွားလာဆက်ဆံမှု ထဲထဲဝင်ဝင် လုပ်ဆောင်ဖို့ပါပဲ။ ယခုအကြိမ် အပြန်အလှန်ဆက်ဆံမှုက နိုင်ငံကြီးနှစ်နိုင်ငံအတွက် တည်ငြိမ်မှု မျှော်မှန်းချက်နဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများစွာ သယ်ဆောင်လာဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က တရုတ်စကားပုံ “အများ၏ စုပေါင်းအင်အားက ပိုမိုထိရောက်သည်” ကို ကိုးကား၍ ယခုအကြိမ် ခရီးစဉ်တွင် အတူလိုက်ပါလာသည့် လုပ်ငန်းရှင်များက နည်းလမ်းမျိုးစုံဖြင့် အမေရိကန်-တရုတ် ဘုံလုပ်ငန်းအတွက် အရေးကြီး အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ပေးနိုင်မည်ဟု အလေးအနက်ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“Apple ကုမ္ပဏီအနေနဲ့ ချိတ်ဆက်ညှိနှိုင်းမှု၊ အတူလက်တွဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးအနက်ယုံကြည်ပါတယ်။ လက်ရှိအရေးကြီးဆုံးတာဝန်က ဘုံရည်မှန်းချက်ကို ရှာဖွေပြီး ဘုံအကျိုးစီးပွားကို တိုးချဲ့ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ တရုတ်နိုင်ငံကို ခရီးစဉ်လာရောက်ပြီး အခမ်းအနားတွေ တက်ရောက်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်-တရုတ် နှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ်နက်ရှိုင်းစွာ လုပ်ဆောင်မှုအပေါ် အကောင်းမြင်တဲ့ သဘောထားရှိပါတယ်” ဟု Meta ကုမ္ပဏီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ Dina Powell McCormick က ပြောကြားခဲ့သည်။
မေးမြန်းမှုဖြေကြားသည့် စက်မှုစီးပွားလောက ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုရှိစွာ ဖွံ့ဖြိုးတိုးတက်မှု အနေအထားနှင့် အလွန်ပမာဏကြီးမားသော ဈေးကွက်အားသာချက်ကို များစွာတန်ဖိုးထား ချီးကျူးခဲ့ပြီး နှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုအတွက် အထောက်အကူပြုသလို ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း ချဲ့ထွင်ရန်အတွက်လည်း တွန်းအားသစ်များ ဖြည့်တင်းပေးသည်ဟု ယူဆကြသည်။
“ဉာဏ်ရည်တု (AI) သည် ကုန်ထုတ်လုပ်မှုလုပ်ငန်း တွင်ကျယ်နှုန်းကို အများအပြားမြှင့်တင်ပေးနိုင်မယ့်အပြင် ဆန်းသစ်တီထွင်မှုရလဒ်နဲ့ ထွန်းသစ်စလုပ်ငန်းအမျိုးမျိုးလည်း ပေါ်ထွက်လာစေမှာပါ။ တရုတ်နိုင်ငံက တစ်ကမ္ဘာလုံး AI နယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးဆောင်နေတဲ့ အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိဒီကဏ္ဍမှာ လုပ်ကိုင်ထားတာ အလွန်ထူးချွန်ပါတယ်” ဟု ‌Nvidia ထူထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Jensen Huang က ဆိုသည်။ တရုတ်နိုင်ငံသည် အလွန်အရေးကြီးသော လုပ်ငန်းတစ်ရပ်ကို ဖော်ဆောင်နေပြီဖြစ်ရာ ယင်းသည် AI ကို တိုးတက်အောင်ဖော်ဆောင်ပြီး ၎င်းအား ကျန်းမာရေး ဆေးကုသမှု၊ သက်ရှိသိပ္ပံ၊ ကုန်ထုတ်လုပ်ငန်းတို့ အပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီးတွင် လက်တွေ့အသုံးပြုရန်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာပေးပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံစီးပွားရေးသည် ရှင်သန်စွမ်းအားများပြည့်ဝနေပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် အရေးကြီးအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Qualcomm ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Cristiano Amon က ဆိုသည်။ အမေရိကန်-တရုတ် နှစ်နိုင်ငံ၏ အားသာချက်ကို ကောင်းမွန်စွာ ပေါင်းစပ်လိုက်ပါက ဧရာမကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရှိနေကြောင်း၊ ယင်းသည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု၏ အဓိကအချက်ပင်ဖြစ်ကြောင်း ၎င်းက ထင်မြင်ယူဆသည်။
Coherent ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Jim Anderson က တရုတ်ဈေးကွက်၌ ထဲထဲဝင်ဝင် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်သည့် Coherent ကုမ္ပဏီသည် တရုတ်နိုင်ငံစီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို နက်ရှိုင်းစွာသက်သေထူခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ ဝန်ထမ်းပေါင်း ၂၀,၀၀၀ ကျော်ရှိကြောင်း၊ “ကျွန်တော်တို့အနေနဲ့ တရုတ်အဖွဲ့ရဲ့ ထူးချွန်တဲ့ ဆန်းသစ်ဖန်တီးမှုစွမ်းရည်ကို လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားချီးကျူးပါတယ်” ဟု ဆိုသည်။
“တရုတ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုက အလွန်ရင့်ကျက်နေပါပြီ။ ကျွန်မတို့အနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုဈေးကွက်မှာ ဆက်လက် ထဲထဲဝင်ဝင်လုပ်ကိုင်ပြီး ပိုမိုများပြားတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာကို ဖော်ထုတ်ဖို့ မျှော်လင့်နေပါတယ်” ဟု Citigroup အမှုဆောင်အရာရှိချုပ် Jane Fraser က ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ကိုယ်စီ၏အောင်မြင်ခြင်းသည် အပြန်အလှန်၏ အခွင့်အလမ်းဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှုကလည်း ကမ္ဘာကြီးအတွက် အကျိုးစီးပွားပင်ဖြစ်သည်။ အနာဂတ်ကို မျှော်မှန်း၍ မေးမြန်းမှုကိုဖြေကြားသော အမေရိကန် စက်မှုစီးပွားလောက ကိုယ်စားလှယ်များက တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်အလားအလာအပေါ် ခိုင်မြဲသည့်ယုံကြည်ချက်နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအပေါ် ပြင်းပြသည့် မျှော်လင့်ချက်များကို ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံစီးပွားရေး အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ Coherent ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Jim Andersonက တရုတ်နိုင်ငံစီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှုစွမ်းအားများ များစွာရှိသည်ဟု ယူဆပြီး “ကျွန်တော်က တရုတ်နိုင်ငံစီးပွားရေး အနာဂတ်အလားအလာအပေါ် အလွန်အကောင်းမြင်ပါတယ်” ဟု ဆိုခဲ့သည်။
Goldman Sachs အုပ်စု ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် David Solomon က တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းသည် ရည်မှန်းချက်တိကျပြီး မျှော်မှန်းချက် လေးနက်ကြာရှည်ကြောင်း၊ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်လာသည်နှင့်အမျှ တရုတ်နိုင်ငံစီးပွားရေးသည် ဆက်လက်တည်ငြိမ်စွာရှေ့ချီပြီး တည်ငြိမ်စွာတိုးတက်ရန် မျှော်လင့်ချက်ရှိကြောင်း ယူဆသည်။ “လက်ရှိမှာတော့ ကျွန်တော်တို့က ကောင်းမွန်တဲ့တိုးတက်မှုကို တွေ့မြင်ရပြီး ဒီကောင်းမွန်တဲ့အလားအလာက ရှေ့ဆက်သွားမယ်လို့ အပြုသဘောဆောင်စွာ ယူဆပါတယ်” ဟု David Solomon က ပြောကြားခဲ့သည်။
BlackRock အုပ်စု ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Larry Fink က “လက်ရှိ အမေရိကန်-တရုတ် နှစ်နိုင်ငံက ဝန်ဆောင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးအပိုင်းမှာ မဆိုးလှတဲ့ အခြေခံရရှိထားပြီးဖြစ်ပါတယ်။ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးနက်ရှိုင်းစေခြင်းက ဘုံအကျိုးစီးပွားကို မုချဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ယာဉ်နှင့် စမတ်သွားလာမှု ပြခန်းဇုန် Tesla ပြခန်းတွင် ပြည်သူများက Telsa Cyber မောင်းသူမဲ့ လျှပ်စစ်ကားအား ကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) Nvidia ပြခန်း၌ စက်ရုပ်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
随特朗普访华企业家:看好中国长远发展和市场机遇
新华社北京5月14日电 题:随特朗普访华企业家:看好中国长远发展和市场机遇   新华社记者温馨、董雪、谢希瑶
应国家主席习近平邀请,美国总统特朗普正在对中国进行国事访问。多名随行美国工商界人士14日接受新华社记者采访,一致认为美中关系至关重要,两国元首成功会晤为美中经贸合作注入新动力,也为世界经济提供确定性。他们表示看好中国长远发展与市场机遇,表达了持续拓展对华务实合作、深化经贸联动、谋求互利共赢的强烈意愿。
受访工商界代表来自科技、金融等多个领域,他们认为此次中美元首会晤将为推动两国相互成就、共促繁荣注入动能。
“能够到访中国我倍感振奋。两国元首今天的会晤非常成功,会谈中讨论的一些内容对各方而言都是重大机遇,尤其体现在科技领域。”高通公司总裁兼首席执行官安蒙说。
特斯拉首席执行官马斯克表示,他对此次两位领导人会晤“感觉很好”,认为两国之间合作应该会有更好的成果。
花旗集团首席执行官范洁恩表示,美中双方此次的互动交流整体氛围十分积极。这是她第二次来华,今年晚些时候有望第三次到访,实地了解中国的发展现状。“最重要的是,两国政府在相互尊重基础上开展沟通、深化交往,希望此次互动能够为两个大国带来更多稳定预期与共同发展机遇。”
苹果公司首席执行官库克引用中国谚语“众人拾柴火焰高”,表示深信此次随访的企业家能通过各种方式为美中共同事业作出重要贡献。“苹果公司深信沟通、携手与合作的重要性,当前最重要的任务是找到共同目标、扩大共同利益。”
“很荣幸作为美国代表团一员来华访问并出席一系列活动,我对美中两国持续深化合作持乐观态度。”元宇宙平台公司(Meta)总裁兼副董事长麦考密克说。
受访工商界代表高度赞赏中国创新发展态势和超大规模市场优势,认为两国扩大合作将有助于全球产业链供应链稳定,并为开拓发展机遇注入新动力。
“人工智能将大幅提升生产效率,还会催生各类创新成果和新兴企业。中国是全球人工智能领域发展领先的主要国家之一,目前在这个领域做得非常出色。”英伟达创始人兼首席执行官黄仁勋表示,中国已经在推进的一项很重要的工作,就是发展人工智能并将它应用于各个行业,包括医疗健康、生命科学、制造业,这已经为中国带来了新的机遇。
安蒙认为,中国经济活力充沛,将持续在全球供应链中发挥重要作用。在他看来,把美中两国的优势有机结合,蕴藏着巨大合作机遇,这也正是两国经济关系的关键所在。
高意公司首席执行官吉姆·安德森说,深耕中国市场20年,高意公司深度见证中国经济的发展历程。目前公司在华拥有两万余名员工,“我们由衷赞赏中国团队卓越的创新能力”。
“中国市场发展十分成熟,我们期待继续深耕中国资本市场,挖掘更多投资机会。”范洁恩说。
中美各自成功是彼此的机遇,中美关系稳定是世界的利好。展望未来,受访美国工商界代表表达了对中国经济发展前景的坚定信心,对深化务实合作的强烈期待。
谈及中国经济未来走势,安德森认为中国经济极具发展活力,并表示:“我非常看好中国经济前景。”
高盛集团董事长兼首席执行官苏德巍认为,中国第十五个五年规划目标明确、愿景深远,随着规划落地实施,中国经济有望持续稳健前行、实现稳步增长。“目前我们看到了良好的进展,也乐观认为这一良好势头将会延续下去。”苏德巍说。
贝莱德集团董事长兼首席执行官劳伦斯·芬克说:“当前美中两国在拓展服务领域合作方面已具备不错的基础,进一步深化各领域务实合作,必将实现共赢。”(完)
1、这是2025年7月17日拍摄的苹果公司供应链展台。新华社记者丁洪法摄
2、2025年11月8日,在第八届进博会汽车及智慧出行展区特斯拉展位,观众在参观特斯拉赛博无人驾驶电动车。新华社记者蔡湘鑫摄
3、这是2025年7月17日在英伟达展台拍摄的机器人。新华社记者 丁洪法 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117