Connect with us

Social

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ဖွင့်လှစ်ရေး သဘောတူလက်မှတ်ရေးထိုး

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ၀မ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(ဧပြီ ၂၃ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး လီရှောင်ယန် (Li Xiaoyan) ၊ ဝမ်ပေါင်ကုမ္ပဏီ ဥက္ကဋ္ဌ ကျန်းယွီဖုန်(Zhang Yupeng)၊ ယူနန်တိုင်းရင်းသားတက္ကသိုလ် ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး ချန်လုယန်(Chen Luyan)တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး အမှာစကားအသီးသီး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူးကြီး လီရှောင်ယန်(Li Xiaoyan)က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူးကြီး လီရှောင်ယန် (Li Xiaoyan) က လန်ချန်း-မဲခေါင်မြစ်သည် နိုင်ငံပေါင်း ၆ နိုင်ငံကို ဆက်သွယ်ထားရာ တစ်မြေတည်းနေတစ်ရေတည်း သောက်ကြသည့် ပြည်သူများအကြားတွင် ကံကြမ္မာချင်းဆက်နွယ်လျက်ရှိကြောင်း ၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအဆိုပြုချက်မှာ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသော တရုတ်-အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်လီခဲ့ချန်၏ အဆိုပါပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်စနစ်အဆိုပြုချက်ကို နိုင်ငံအသီးသီးက ကြိုဆိုခဲ့ရာ ၂၀၁၆ ခုနှစ် မတ်လက တရုတ်နိုင်ငံ ဟိုင်နန်၌ ကျင်းပသော လန်ချန်း-မဲခေါင် နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရားဝင် အတည်ပြုကြောင်းကြေညာခဲ့ကြောင်း၊ ၎င်းမူဘောင်စနစ်တည်ထောင်ပြီးသည့် ၃ နှစ်ကြာကာလအတွင်းတွင် “တန်းတူညီမျှရှိမှု၊ စိတ်ရင်းစေတနာအမှန်ဖြင့် အပြန်အလှန်ရိုင်းပင်းကူညီမှု၊မိသားစုသဖွယ်ရင်းနှီမှု” ဟူသော လန်ချန်း-မဲခေါင်ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီ ဥက္ကဋ္ဌ ကျန်းယွီဖုန်(Zhang Yupeng)က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ယူနန်တိုင်းရင်းသားတက္ကသိုလ် ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး ချန်လုယန်(Chen Luyan)က အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုအရှိန်ကို မြင့်တင်ရန်၊ ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေရန် ပညာရေး နှင့်စွမ်းရည်ကို အဓိကအားထားရမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် လူစွမ်းအားအရင်းမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို တိုးမြှင့်အားထားလုပ်ဆောင်သွားကာ ဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် စွမ်းရည်ပြည့်ဝလူတော်များအား ပျိုးထောင်ပေးလိုသည်ဟု ဝန်ကြီးချုပ်လီခဲ့ချန်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် အကူးအပြောင်း ကာလဖြစ်ရာ လုပ်ငန်းအသီးသီးနယ်ပယ်အသီးသီးတွင် စွမ်းရည်ပြည့်ဝလူတော်များ၏လိုအပ်ချက်မှာ တစ်နေ့တစ်ခြား တိုးပွားလျက်ရှိရာ မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း ပညာရေးကဏ္ဍ၊ စွမ်းရည်ပြည့်ဝလူတော်များ ပျိုးထောင်ရေးကဏ္ဍကို အထူးအလေးထားလျက်ရှိရာ ယခု ဖွင့်လှစ်မည့် ယူနန်တိုင်းရင်းသား တက္ကသိုလ် လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ)က အကျိုးပြုပေး နိုင်မည်ဟု ယုံကြည်ကြောင်း သံမှူးကြီး လီရှောင်ယန်(Li Xiaoyan)က ပြောကြားခဲ့သည်။

အခမ်းအနား စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

အခမ်းအနား ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆက်လက်၍ ဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ ကျန်းယွီဖုန်(Zhang Yupeng)က အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း သည် ဒေသပြည်သူများ ရေရှည်အလုပ်အကိုင်အဆင်ပြေစေရန် စွမ်းရည်ပြည့်ဝသော နည်းပညာ၊ အတတ်ပညာ တတ်ကျွမ်းသူများဖြစ်လာစေရန် ပျိုးထောင်ရာတွင် အထောက်အကူပြုမည်ဖြစ်ရာ ကုမ္ပဏီအနေဖြင့်လည်း လူမှုအကျိုးပြုဆောင်ရွက်မှုများကို တစ်တပ်တစ်အား ပံ့ပိုးပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန် တိုင်းရင်းသား တက္ကသိုလ် ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး ချန်လုယန်(Chen Luyan)ကလည်း သင်တန်းကျောင်းကို အဆင့်သုံးဆင့်ခွဲလုပ်ဆောင်သွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် Myanmar Wangbao Minning Cooper Ltd နှင့် Myanmar Yan Tse Cooper Ltd၏ ဝန်ထမ်းများနှင့် ဒေသခံကျေးရွာသူရွာသားများအား အသက်မွေးဝမ်းကျောင်း စွမ်းရည်ဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ထိုသို့မွမ်းမံသင်တန်းများပို့ချရာတွင်လည်း အသက်မွေးဝမ်းကျောင်းပညာရေးတက်ရောက်ရန် ကျောင်းသားကျောင်းသူများကို ခေါ်ဆိုသွားမည်ဖြစ်ကြောင်း ၊ တတိယအဆင့်အနေဖြင့် ဘွဲ့ပညာရေး ၊ အသက်မွေးဝမ်းကျောင်းမွမ်းမံသင်တန်း၊ ဘာသာစကားမွမ်းမံသင်တန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် ကဏ္ဍလေးခုပါဝင်သည့် ဘက်စုံသင်ကြားရေးအင်စတီကျုအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် သွန့်ကောင်း(Duan Gang)နှင့် Myanmar Wangbao Minning Cooper Ltd၏ ပါတီကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူး တုန်စစ်ယုံ(Dong Shiyong)တို့မှ လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု (မြန်မာ ဝမ်ပေါင် ကျောင်းခွဲ)ဖွင့်လှစ်ရန် နှစ်ဖက်ကိုယ်စား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါအခမ်းအနားကို Myanmar Wangbao Minning Cooper Ltd၊ Myanmar Yan Tse Cooper Ltd၊ ယူနန်တိုင်းရင်းသားတက္ကသိုလ်နှင့်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117