Connect with us

Environment, Disasters & Accidents

ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး

လေပြင်း တိုက်ခတ်မှုများကြောင့် ပျက်စီးမှုများအား ရှင်းလင်းနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုများ အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီး မြို့နယ် အတွင်း မေ ၇ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဖျောက်မြို့၊ (၁)ရပ်ကွက်ပါ (၄)ရပ်ကွက်နှင့် ငါးလာချောင်းကျေးရွာပါ (၃) ရွာတို့၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၂၈၉) လုံး အမိုးလန် ၊ နေအိမ် (၂၀) လုံးနှင့် ဘာသာရေးအဆောက်အဦး (၂) လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ် အတွင်း မေ ၈ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူး ရပ်ကွက်ပါ (၂) ရပ်ကွက်နှင့် ကျောက်ခဲကြီးကျေးရွာ၌ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် (၄၇)လုံး၊ ဌာနဆိုင်ရာအဆောက်အဦး(၁)လုံး အမိုးလန်၊ နေအိမ်(၂)လုံး သစ်ပင်ပိ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်း မြို့နယ်အတွင်း မေ ၈ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သိမ်ကုန်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း နေအိမ် (၃) လုံး အမိုးလန်၊ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.