Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး သွေးကြော အစားထိုးခွဲစိတ်မှု အား စက်ရုပ် အကူအညီဖြင့် အောင်မြင်

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး သွေးကြော အစားထိုးခွဲစိတ်မှုအား စက်ရုပ် အကူအညီဖြင့် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဒီဇင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် စည်ပင်သာယာနယ်မြေ ရှိ ဆေးရုံ တစ်ခု တွင် ပန်ကရိယကင်ဆာ ဝေဒနာရှင် အား အကျိတ် ခွဲစိတ်မှု ပြုလုပ်ရာတွင် စက်ရုပ်အကူအညီ ဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ကြောင်း သိရသည်။

ဆေးရုံ တာဝန်ခံများက ဒီဇင်ဘာလ ၁၂ ရက်နေ့ ခွဲစိတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဆေးပညာ အချက် အလက်များ အား ရှာဖွေလေ့လာပြီးနောက် ကမ္ဘာ့ ပထမဆုံး စက်ရုပ် အကူအညီသုံး သွေးကြောတု အစားထိုးခွဲစိတ်မှု ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ခွဲစိတ်မှု ၌ စက်ရုပ်အား ဆရာဝန်မှ ထိန်းချုပ်ခဲ့ကာ ကင်ဆာဆဲလ် များ ပြန့်နှံ့နေပြီး ဖယ်ရှားရန် လိုအပ်သည့် ပန်ကရိယ နှင့် ဆက်သွယ် ထားသော သွေးပြန်ကြောအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ခွဲစိတ်မှု တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ပျယ်ဖိန် က ခွဲစိတ်မှု ၏ အခက်ခဲဆုံးအဆင့်မှာ ဖယ်ထုတ်လိုက်သော သွေးပြန်ကြော နေရာတွင် သွေးကြောတု အား သွေးလွန်မှု မဖြစ်ပွားစေဘဲ အစားထိုးထည့်သွင်းရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

စက်ရုပ် ၏ တိကျ မြန်ဆန်သော တွက်ချက် မှုများဖြင့် ခွဲစိတ် ဆရာဝန်များသည် စက်ရုပ်လက်တစ်ဖက်အား သေးငယ်သော အပေါက်ထဲ၌ သွေးကြောတုအား တည်ငြိမ်အောင်ကိုင်ထားစေပြီး ကျန်တစ်ဖက်အား ခွဲစိတ်ခန်းသုံး အပ် အသုံးပြု၍ အဆိုပါ သွေးကြောတုအား မူရင်းသွေးကြော နှင့် ပြန်လည် ဆက်သွယ် နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117