Connect with us

Economy

ပထမဆုံးအကြိမ် တရုတ်-အာဖရိက ကုန်စည်ပြပွဲသို့ အာဖရိကနိုင်ငံ ၅၃ နိုင်ငံ တက်ရောက်ရန်ရှိ

၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အလယ်ပိုင်းတွင် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်လျာထားပြီး အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ တက်ရောက်ရန် အတည်ပြုထားကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပြပွဲသို့ ကုသမဂ္ဂ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ၎င်းတို့၏ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း ဟူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟဲပေါင်ရှန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုပြပွဲအား ဟူနန်ပြည်နယ် မြို့တော် ချန်ရှတွင် ကျင်းပမည်ဖြစ်ပြီး ပြည်ပဧည့်သည် ၁,၅၀၀ ဦးကျော်၊ ပြည်တွင်းဧည့်သည် ၅,၀၀၀ ဦးကျော်နှင့် ပြခန်းပြသသူ ၃,၅၀၀ ကျော် တက်ရောက်ရန်ရှိကြောင်း ဟဲက ဆိုသည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မူဘောင်အရ ကြေညာခဲ့သည့် အဆိုပါပြပွဲအား တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ထုံးလုပ်နည်းသစ် တစ်ခုတည်ထောင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်-အာဖရိက ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀၄.၂ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၁၀ နှစ်ဆက်တိုက် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117