Connect with us

Science & Technology

တရုတ်နိုင်ငံ ရုပ်သံ ဋ္ဌာနတစ်ခု တွင် မိုးလေဝသ အစီအစဉ် ကြေညာသူအဖြစ် စက်ရုပ်အားခန့်အပ်

XiaoIce စက်ရုပ်အား မြင်တွေ့ရစဉ် (အင်တာနက်)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

Shanghai Dragon ရုပ်သံဋ္ဌာန က ၎င်း၏ နံနက်ခင်းတိုက်ရိုက်အစီအစဉ် တွင် မိုးလေဝသ ကြေညာသူအဖြစ် အသိဉာဏ်တု(AI) ထည့်သွင်းထားသော စက်ရုပ်အား ခန့်အပ်လိုက်ကြောင်း သိရသည်။

“XiaoIce” အမည်ရှိ စက်ရုပ် က “ အခုလို ဆောင်းရာသီ နှစ်ကူး အချိန်တွင် အလုပ်သစ်စတင် ဝင်ရောက် လုပ်ကိုင်ရတဲ့အတွက် အလွန် ဝမ်းသာပါတယ်” ဟု သူမ၏ ဒီဇင်ဘာလ ၂၂ရက်နေ့ နံနက်ပိုင်း ပွဲဦးထွက် အခမ်းအနား ၌ပြောကြားခဲ့သည်။

“XiaoIce” သည် မိုက်ခရိုဆော့ဖ် မှ စမတ် Cloud စနစ် နှင့် ဒေတာ အချက်အလက်များကို အသုံးပြုပြီး ထုတ်လုပ်ထားသည့် ဆော့ဖ်ဝဲလ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

အလုပ်ကာလ ၂ရက်အတွင်း “XiaoIce” သည် အကြောင်းအရာများစွာကို ချိုသာသော အသံဖြင့် တင်ဆက်နိုင်ခဲ့ပြီး အချို့သော အရေးကြီးသည့် အဖြစ်အပျက်များအား မှတ်ချက် ပေးနိုင်ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ် ၏ပြောကြားချက်အရ စာသား မှ စကားသံ အဖြစ်ပြောင်းလဲပေးနိုင်သည့် AI စနစ်သည် “XiaoIce” အား ဘာသာဗေဒ ပိုင်းဆိုင်ရာတွင် ပိုမိုသဘာဝကျစေပြီး လူသားတို့၏ အသံနှင့် အနီးစပ်ဆုံးတူညီစေကြောင်း နှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် များကို အခြေခံပြီး လျှပ်တပြက် မှတ်ချက်များ ပေးနိုင်ကြောင်း သိရသည်။

Shanghai မီဒီယာအုပ်စု ၏ ရုပ်သံ သတင်း ဒါရိုက်တာ စုန့်ကျုံမင်း က လူသား အစီအစဉ် တင်ဆက်သူများ နေရာတွင် “XiaoIce” စက်ရုပ်ဖြင့် အလုံးစုံ အစားထိုးသွားမည် မဟုတ်ဘဲ ယင်း စက်ရုပ်၏ သတင်းအချက်အလက် များကို အသုံးပြု ၍ လူသားများအား ထောက်ပံ့ပေးသွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117