Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံတွင် ခရီးသည်တင်ယာဉ်တစ်စီး ရေစီးချောင်း ထဲ မျောပါမှုဖြစ်ပွား အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံး


ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။

အဆိုပါခရီးသည်တင်ယာဉ်သည် စက်တင်ဘာ ၈ ရက်က မော်ရိုကိုနိုင်ငံ အရှေ့တောင်ပိုင်း Errachidiaပြည်နယ်ရှိ တံတားတစ်စင်းကို ဖြတ်သန်းစဉ် ရေစီးချောင်းထဲမျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးသမားများက သေဆုံးသူရုပ်အလောင်း ၁၇ ခုကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်းနှင့် ကျန်ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ ယာဉ်မောင်းအပါအဝင် ခရီးသည် အယောက် ၃၀ ကို ကယ်ဆယ်ထားပြီဖြစ်ပြီး နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံ Errachidiaပြည်နယ်တွင် ရေစီးချောင်းအတွင်း ခရီးသည်တင်ယာဉ်မျောပါမှုကြောင့် ပျောက်ဆုံးနေသောသူများအား ရှာဖွေနေစဉ်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ Errachidiaပြည်နယ်တွင် ရေစီးချောင်းအတွင်း ခရီးသည်တင်ယာဉ်မျောပါမှုကြောင့် ပျောက်ဆုံးနေသောသူများအား ရှာဖွေနေစဉ်(ဆင်ဟွာ)

မော်ရိုကို ပြည်ထဲရေးဝန်ကြီးAbdelouafi Laftitကလည်း သက်ဆိုင်ရာအဖွဲ့များကို ဦးဆောင်၍ အချင်းဖြစ်ပွားရာနေရာသို့သွားရောက်ကာ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းများတွင် Errachidiaပြည်နယ်၌ ရက်ဆက်မိုးရွာမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117