Connect with us

Europe

ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး အစီအစဉ် ဂျာမန်အစိုးရ သဘောတူ

ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် ရာသီဥတုဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အစိုးရက ၂၀၃၀ ခုနှစ်အတွက် နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရာတွင် အောင်မြင်မှုရှိစေရန် “ခိုင်လုံသော လုပ်ဆောင်မှုများ” အား စက်တင်ဘာလ ၂၀ ရက်တွင် သဘောတူလိုက်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာထားချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အဓိက လုပ်ဆောင်ချက်များတွင် သယ်ယူပို့ဆောင်ရေးနှင့် အပူပေးစနစ် ကဏ္ဍများ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) လျှော့ချမှုများအတွက် တန်ဖိုးသတ်မှတ်ခြင်းစနစ်တစ်ခု ပါဝင်ကြောင်း တရားဝင်အချက်အလက်အား ကိုးကား၍ ဂျာမန် သတင်းအေဂျင်စီ (DPA) က ဖော်ပြထားသည်။CO2 တန်ဖိုးသတ်မှတ်ခြင်းစနစ်အား ၂၀၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး CO2 ထုတ်လွှတ်မှု တစ်တန်လျှင် ၁၀ ယူရို (အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ) တန်ဖိုးနှုန်းထားတစ်ခုအတွက် အသိအမှတ်ပြုလက်မှတ်များအား အစိုးရက ထုတ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ နှုန်းထားသည် ၃၅ ယူရိုအထိ ဖြည်းဖြည်းချင်း တိုးသွားမည်ဟု ဆိုသည်။

အစိုးရအနေဖြင့် ရထားဖြင့်ခရီးသွားခြင်းက သက်သာပြီး လေကြောင်းဖြင့်ခရီးသွားခြင်းက ပိုမိုကုန်ကျစရိတ်များကြောင်း စသဖြင့် ရာသီဥတု ကာကွယ်မှုအတွက် သက်သာမှုနှင့် အားပေးမှုများစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ဂျာမနီနိုင်ငံသည် နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများအား ၂၀၃၀ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117