Connect with us

Politics, Law & Military

တရုတ်လွတ်မြောက်ရေးတပ်မတော်PLA ၏ ရေတပ်တပ်ဖွဲ့က တရုတ်အမျိုးသားနေ့တွင် ပါဝင်စစ်ရေးပြချီတက်

နှစ် ၇ဝ ပြည့် တရုတ်နိုင်ငံအမျိုးသားနေ ့စစ်ရေးပြအခမ်းအနားတွင် တရုတ်လွတ်မြောက်ရေးတပ်မတော် ရေတပ်တပ်ဖွဲ ့က စစ်ရေးပြချီတက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား ဂုဏ်ပြုစစ်ရေးပြချီတက်ပွဲကို ယနေ့အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ထျန်းအန်းမင်ရင်ပြင်၌ ကျင်းပရာ တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA)၏ ရေတပ် မျိုးဆက်သစ်တပ်ဖွဲ့ တစ်ဖွဲ့ကလည်း ပါဝင်ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။

အဆိုပါတပ်ဖွဲ့တွင် တရုတ်နိုင်ငံ ရေတပ်ရေငုပ်အကယ်ဒမီတပ်ဖွဲ့မှ အထူးရွေးချယ်ထားသော ပျမ်းမျှ အသက် ၂ဝ ဒသမ ၄ နှစ်အရွယ် အရွယ်ရှိ အထူးရေတပ်တပ်ဖွဲ့ဝင်များက ပါဝင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ကမ်းရိုးတန်းမှ ပင်လယ်နက်ပိုင်းထိ တာဝန်ထမ်းဆောင်ရန် ပြည်တွင်းထုတ် ပထမဆုံး လေယာဉ်တင်သင်္ဘော တစ်စင်း နှင့် အလေးချိန် တန် ၁ သောင်းထိရှိသော ပြည်တွင်း၌ ပုံစံပြု ထုတ်လုပ်ထားသည့် ဖျက်သင်္ဘောတစ်စင်း တို့ကိုရေချခဲ့ပြီး အဆိုပါလေယာဉ်တင်သင်္ဘောမှ  J-15 ဂျက်တိုက်လေယာဉ်များသည်လည်း တပ်တော်ဝင်ခဲ့ရာ တရုတ်လွတ်မြောက်ရေးတပ်မတော် ရေတပ်အနေဖြင့် နျူကလီးယား နှင့် သမားရိုးကျစစ်လက်နက်များ နှစ်ခုစလုံးနှင့်အတူ မဟာဗျူမြောက်လုပ်ဆောင်ချက်တွင် ဖြည်းဖြည်းမှန်မှန် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း တွေ့ရသည်။

နှစ် ၇ဝ ပြည့် တရုတ်နိုင်ငံအမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွင် တရုတ်လွတ်မြောက်ရေးတပ်မတော် ရေတပ်တပ်ဖွဲ့က စစ်ရေးပြချီတက်နေစဉ်(ဆင်ဟွာ)

ယင်းတို့၏ကြိုးပမ်းအားထုတ်မှုတွင် ရေပြင်ပိုင်နက်နယ်နိမိတ်ကာကွယ်ခြင်း ၊ ပင်လယ်နက်ပိုင်းဒေသ ၌ ပူးတွဲလေ့ကျင့်ခြင်း နှင့် အေဒင်ပင်လယ်ကွေ့ဒေသ၌ လုံခြုံရေးအစောင့်အရှောက်အဖြစ် လိုက်ပါဆောင်ရွက်ခြင်း များလည်း ပါဝင်ကြောင်း နှင့် တရုတ်လွတ်မြောက်ရေးတပ်မတော်ရေတပ်တပ်ဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများသည် အနာဂတ်တွင် တရုတ်နိုင်ငံအား အဓိက အင်အားကြီး နိုင်ငံအဖြစ်ပေါ်ထွန်းလာနိုင်စေရေး နှင့် အညီ ရှေ့ဆက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.