Connect with us

Science & Technology

၂၀၁၉ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်း အလုံးရေ သန်း ၂၀၀ ကျော်ရောင်းချခဲ့ရ

Huawei Mate 30 စမတ်ဖုန်းသစ် မိတ်ဆက်ပွဲအခမ်းအနား၌ Huawei စီးပွားရေးလုပ်ငန်းစု အမှုဆောင်အရာရှိချုပ် Richard Yu ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

ရှန်ကျန်း ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဧရာမ နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေး(Huawei) သည် ၂၀၁၉ ခုနှစ် အတွင်း အောက်တိုဘာ ၂၂ ရက်အထိ ၁၀ လ နီးပါးကာလ၌ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၂၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကြောင်း ကုမ္ပဏီက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စပိန်နိုင်ငံ ဘာဆီလိုနာမြို့၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဟွာဝေးဖုန်းများ 5G ကွန်ရက်အသုံးပြုခြင်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ယခင်နှစ်က တစ်နှစ်တာကာလအတွင်း ရောင်းချခဲ့ရသော အလုံးရေ ပမာဏကို ယခုနှစ်တွင် နှစ်မကုန်မီ ၆၄ ရက် အသာဖြင့် ဆောလျင်စွာ ကျော်ဖြတ်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟွာဝေးမိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရေးဌာနအကြီးအကဲ He Gang က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117