Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ ကျော်လွှား နိုင်ရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် KNU ကရင် အမျိုးသား အစည်အရုံး ဥက္ကဋ္ဌတို့ တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် KNU ကရင် အမျိုးသား အစည်အရုံး ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကျော်လွှား နိုင်ရေး ကိစ္စရပ်များ အပေါ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ကရင်အမျိုးသားအစည်အရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်သဘောတူညီချက်များရယူရေးကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများ အလွန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သဘောတူ ညီချက် ရယူရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS နေပြည်တော် မလာရောက် နိုင်သည့် ကိစ္စနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီအစဉ်များကိစ္စ စသည်တို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်မှု အရ သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် နှင့် ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး၊ ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်အတူအထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ စစ်ရေး/ နိုင်ငံရေး အကြံပေး ပဒို စောထူးထူးလေး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောရော်ဂျာခင်၊ ဗဟို အမြဲတမ်း ကော်မတီဝင်များ ဖြစ်ကြသည့် စောတောနီး၊ စောသမိန်ထွန်း ၊ စောအိုင်းဇက်ဖိုး၊ စောတာမလာသောနှင့် ပဒိုစောရွှေမောင်း တို့လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117