Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး အမှန် လိုလားလျှင် ပျော့ပျောင်း ညင်သာမှု၊ သဘောထားကြီးမှု လိုအပ်

အမွတ္တရ ဓာတ္ပုံ ရိုက္ကူးၾကစဥ္ (ဆင္ဟြာ)

နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင်၊ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်တကယ် တည်ဆောက်လိုလျှင် ပျော့ပျောင်း ညင်သာမှုနှင့် သဘောထားကြီးမှုများလည်း လိုအပ်သည် ဆိုသည်ကို သတိချပ်ကြစေလိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လေးနှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

“နိုင်ငံရေး စားပွဲ၀ိုင်းတွေ တွေ ့ဆုံ ဆွေးနွေးရာမှာလည်း ကျွန်မတို ့ရဲ့ မူကို ချပြပြီး ဒီမူကို ဦးတည် ဆွေးနွေးတာမျိုး ကျွန်မတို ့ မလုပ်ခဲ့ပါဘူး၊ ကျွန်မတို ့က အစိုးရပဲ၊ အစိုးရရဲ့ သဘောထားကိုပဲ အားလုံးက အလေးပေး ဆွေးနွေးကြရမယ် ဆိုတာမျိုး မလုပ်ခဲ့ပါဘူး၊ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁)နဲ ့ (၂)က အခြေခံမူတွေ လက်ရှိ ဆွေးနွေးနေတဲ့ အချက် အလက်တွေ အားလုံးဟာ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ အဆိုပြုချက်တွေကို အခြေခံပြီး ဆွေးနွေး ညှိနှိုင်းခဲ့တယ်ဆိုတာ တွေ ့နိုင်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ ့ ညနေပိုင်း ကျင်းပခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လေးနှစ်ပြည့် အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မိမိတို ့၏ ရပ်တည်ချက်မျာကို လှေနံ ဓားထစ် တစ်ထစ်ချ တရားသေ စွဲကိုင်ပြီး ဆွေးနွေး ညှိနှိုင်းမှုမျိုး သည် စစ်မှန်သည့် ဆွေးနွေး ညှိနှိုိင်းမှု မဟုတ်ကြောင်း၊ ထို ့ကြောင့် မိမိတို ့အနေဖြင့် အဖြေ ထွက်လာ နိုင်သော နည်းလမ်း ရှာသည့် ပုံစံမျိုးဖြင့်သာ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အစိုးရ ရှေ့ဆက် လျှောက်လှမ်း ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သုံးရပ်ကို ပြောကြားလိုကြောင်း၊ ပထမ လုပ်ငန်းစဉ်မှာ ၂၁ ရာစု ပင်လုံကို မည်သို ့ ရှေ ့ဆက် သွားမည်နည်းဟူသော ဘုံ လုပ်ငန်းစဉ်ကို ချမှတ်ပြီး NCA သဘောတူစာချုပ ်အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ မူဘောင် သဘောတူညီချက်များကို ရယူမည် ဖြစ်ကြောင်း၊ ထိုသဘောတူညီချက်များသည် လာမည့် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်း အေ၀းတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ ပထမပိုင်း ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ ယခင် ရရှိခဲ့ပြီးသော ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၁ ချက်၌ နောက်ထပ်ရရှိလာမည့် အခြေခံ မူများကို ထပ်ပေါင်းဖို ့ ဖြစ်ပြီး ထိုအခြေခံမူများသည် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအေ၀း၌ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ်၏ ဒုတိယ ပိုင်း ဖြစ်လာမှာ ဖြစ်ကြောင်း၊ တတိယ အချက်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆက်လက် ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေး အစီအစဉ်များအပေါ် ဘုံသဘောတူညီချက်များ ရယူရေး ဖြစ်ကြောင်း၊ အဆိုပါ ဘုံသဘောတူညီချက်များသည် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအေ၀း၌ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ်၏ တတိယ ပိုင်း ဖြစ်လာမှာ ဖြစ်ကြောင်း၊ ထိုသို ့ အပိုင်း သုံးပိုင်း ဆောင်ရွက်နိုင်ဖို ့ မှတ်တိုင်အဖြစ် သတ်မှတ်နိုင်ခဲ့သည့်အတွက် ၀ိုင်း၀န်း ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သည့် အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ ့ အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အခြား သက်ဆိုင်သူများ အားလုံးကို ကျေးူဇးတင်ရှိပါကြောင်း၊ အောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ကေအင်န်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တိုင်းရင်းသားများ ဖျော်ဖြေ တင်ဆက်စဉ်(ဆင်ဟွာ)

တိုင်းရင်းသားများ ဖျော်ဖြေ တင်ဆက်စဉ်(ဆင်ဟွာ)

ထို ့အပြင် ငြိမ်းချမ်းရေး သဘောတူညီချက်များသည် စိန်ခေါ်၊ စွန့်စားရလေ့ရှိသော နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များပဲ ဖြစ်ကြောင်း၊ နိုင်ငံ တည်ငြိမ်ရေးနှင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ် ငြိမ်းချမ်း သာယာလှပရေးကို ရှေ ့ရှုပြီး ရဲရင့် သော နိုင်ငံရေး ဆုံးဖြတ်ချက်များကို ချမှတ် လက်မှတ်ရေးထိုးခဲ့ကြသည့် ခေါင်းဆောင်များအားလုံး၊ ယခင် သမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရ တာ၀န်ရှိသူများအားလုံး၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ အားလုံး တို ့ကို ဂုဏ်ပြုပါကြောင်း၊ လွန်ခဲ့သော လေးနှစ်တာကာလ စိတ်တူကိုယ်တူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြ သည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ခိုင်မာသော ယုံကြည်ချက်များဖြင့် ဆက်လက် လျှောက်လှမ်း နေကြသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အလေးအနက် ပြောကြားခဲ့သည်။

အဆိုပါ လေးနှစ်ပြည့် NCA အခမ်းအနားသို ့ NCA လက်မှတ်ရေးထိုးထားသည့် ဆယ်ဖွဲ ့အနက် RCSS အဖွဲ ့မှ လွဲပြီး ကျန် အဖွဲ ့ကိုးဖွဲ ့တို ့ တက်ရောက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအင်န်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို ့ကလည်း အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။(Xinhua)