Connect with us

Culture & Entertainment

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်း အလယ်တန်းနှင့်အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲ တရုတ်နိုင်ငံ ကျန့်ကျိုးတွင် ကျင်းပ၊ အီတလီပြိုင်ပွဲဝင်ကျောင်းသား ချန်ပီယံဆု ဆွတ်ခူးရရှိ

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်းအလယ်တန်းနှင့် အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေသည့် မြင်ကွင်းများ (ဆင်ဟွာ)

ကျန့်ကျိုး၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်စာပေပေါင်းကူးတံတား ကမ္ဘာတစ်ဝန်း အလယ်တန်းနှင့်အထက်တန်း ကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲ နိုဝင်ဘာ ၁ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျန့်ကျိုးမြို့တွင်  စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အီတလီကျောင်းသားက ချန်ပီယံဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတက်ရောက်နိုင်ရန် ဆယ်ရက်ကျော်ကြာကျင်းပခဲ့ရာ နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ ၁၂၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တရုတ်စာနှင့်ယဉ်ကျေးမှု၊ တရုတ်စကားပြောစွမ်းရည်၊  အနုပညာစွမ်းရည်စသည့် ကဏ္ဍများတွင် ယှဉ်ပြို်ငခဲ့ရကြောင်း သိရသည်။ ဖိုင်နယ်ပြိုင်ပွဲတက်ရောက်ရန် ပဏာမဆန်ကာတင်ရွေးချယ်ခြင်း၊ ပြိုင်ပွဲဝင် ၃၀ မှ ၁၅ ဦးရွေးချယ်ခြင်း၊ ၁၅ ဦးမှ ၅ ဦး ထပ်မံရွေးချယ်ခြင်းဟု သုံးဆင့်ခွဲ အဆင့်ဆင့်ဆန်ကာတင် ရွေးချယ်ခဲ့ရာ နောက်ဆုံး အင်ဒိုနီးရှားမှ လျှိုချန်ဖုန့်၊ အီတလီမှ ကျန့်ရန်ခဲ၊ နိုင်ဂျီးရီးယားမှ ကုစီယွမ်၊ ဩစတြေးလျမှ ကျောက်ကျားရု၊ အမေရိကန်မှ ချိုမေကွေ့တို့က နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို လျှောက်လှမ်းနိုင်ခဲ့ကြသည်။

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်းအလယ်တန်းနှင့် အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေသည့် မြင်ကွင်းများ (ဆင်ဟွာ) 

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်းအလယ်တန်းနှင့် အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေသည့် မြင်ကွင်းများ (ဆင်ဟွာ) 

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်းအလယ်တန်းနှင့် အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေသည့် မြင်ကွင်းများ (ဆင်ဟွာ) 

၁၂ ကြိမ်မြောက် “တရုတ်စာပေ ပေါင်းကူးတံတား ”ကမ္ဘာ့တစ်ဝန်းအလယ်တန်းနှင့် အထက်အတန်းကျောင်းသားများ နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေသည့် မြင်ကွင်းများ (ဆင်ဟွာ) 

ချန်ပီယံဆုကို ဆွတ်ခူးရမည့် နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲတွင် စကားရည်လုအမေးအဖြေ၊ ပြဇာတ်တို သရုပ်ပြ ၊ အပြိုင်မေးခွန်း ဖြေဆိုခြင်း ဟူ၍ ယှဉ်ပြိုင်ရခြင်းဖြစ်ရာ နောက်ဆုံးတွင် အီတလီပြိုင်ပွဲဝင် ကျောင်းသား  ကျန့်ရန်ခဲက ဗိုလ်စွဲအနိုင်ရခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်ဖြူးရှပ် အင်စတီကျုမှ ဦးစီးသည့် “တရုတ်စာပေ ပေါင်းကူးတံတား”ပြိုင်ပွဲများ ကို ၂၀၀၂ ခုနှစ်မှစ၍ ယခုအထိကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း တရုတ်စာပေသင်ယူသူ ကျောင်းသားကျောင်းသူများ၏ တရုတ်စာအရည်အချင်းစွမ်းရည်ကို သူထက်ငါအပြိုင် ယှဉ်ပြိုင်ပြသ သည့် ပြိုင်ပွဲကြီးဖြစ်ရာ   တရုတ်စာပေ အိုလံပစ်ပြိုင်ပွဲဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။

ယခုကျင်းပသည့်  “တရုတ်စာပေပေါင်းကူးတံတား” ပြိုင်ပွဲအတွက် ယခုနှစ် မတ်လမှ စက်တင်ဘာ လတွင်  ကမ္ဘာ တစ်ဝှမ်း ဒေသအသီးသီးတွင် တရုတ်စာသင်ယူသော ကျောင်းသားကျောင်းသူများ အရည်အချင်းစစ် ဆန်ကာတင်ပွဲများ ကျင်းပ၍ ရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117