Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် မဲဆန္ဒရှင်များ လိုက်ပါလာသည့် ဘတ်စ်ကားများ တိုက်ခိုက်ခံရ

သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက မဲပုံးများကို သက်ဆိုင်ရာ မဲရုံများသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပနေသည့်အတွက် နိုဝင်လာ ၁၆ ရက်၌ မြောက်ပိုင်း မန်နာမြို့တွင် မဲဆန္ဒရှင်များ လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စင်းကို အမည်မသိ လူအုပ်စုတစ်စုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများမရှိသော်လည်း ဘတ်စ်ကားများမှာမူ ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောခဲ့သည်။အမည်မသိလူအုပ်စုက ပထမဘတ်စ်ကားအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဒုတိယဘတ်စ်ကားကိုမူ အနောက်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ခြင်ကြောင့် လေကာမှန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့က ရောက်ရှိလာခဲ့သော်လည်း သေနတ်သမားများမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ မဲဆန္ဒရှင်များကိုမူ မဲရုံများသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ့ကိုမျှ ဖမ်းဆီးထားခြင်းမရှိကြောင်းနှင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117