Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်၌ သိန်းတစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိ

ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လွိုင်လင်မြို့နယ်၌ ဒီဇင်ဘာ ၈ ရက်က မော်တော်ယာဉ် တစ်စီးပေါ်တွင် ဒေသကာလ ပေါက်ဈေး တန်ဖိုး ကျပ် ၁၁,၅၀ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း  မူးယစ် ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းပန်မြို့ဘက်မှ တာဆန်း တံတားဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးအား ရပ်တန့် ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်ပေါ် တွင်သိုဝှက်သယ်ဆောင်လာပြီး ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၅၀,၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁,၅၀ဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်အား မိုင်းပန်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117