Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်များအတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ် ငါးသောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထား

ကျူးကျော်တဲတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး တွင် ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ် ငါးသောင်း ခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျူးကျော်နေထိုင် သူများအတွက် ရွှေပြည်သာမြို့နယ် တိုးချဲ့၁၉ ရပ်ကွက်တွင် နေအိမ် ၂၆၄ လုံးကို ဆောက်လုပ်လျက်ရှိပြီး ရွှေပြည်သာတွင် နေအိမ်များ ဆောက်လုပ် ပြီးစီးပါက လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် လေးမြို့နယ်တွင်ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွှေပြည်သာမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်မှုမှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်ပြီး နေထိုင်ခွင့်ရရှိထားသူများအနေဖြင့် ယခုလကုန်တွင် နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ကျူးကျော်များနေထိုင်ရန်အတွက် ဆောက်လုပ်နေသည့် နေအိမ်များမှာ ၁၅ ပေ ၃၅ ပေ ရှိသည့် အဆောက်အအုံများဖြစ်ပြီး တန်ဖိုးငွေမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိကြောင်း၊ ယင်းအိမ်ရာငွေကြေးကို နေထိုင်သူများက အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ချေးငွေရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ ကျူးကျော်နေထိုင်သူများအတွက် နေအိမ်လိုအပ်ချက်မှာ တစ်သိန်း ခွဲခန့်ရှိသောကြောင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်ဒဂုံ လေးမြို့နယ်တွင် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) ခေါ်ယူ ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117