Connect with us

Politics, Law & Military

ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ရွက်ရေ ၃,၉၀၀ ကျော် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်၌ သိမ်းဆည်း ရမိ

ငွေစက္ကူ အတုများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေးကားလမ်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ ဖိုးရာဇာလမ်းအနီး၌ ဒီဇင်ဘာ ၂၂ ရက်တွင် ယာဉ်တစ်စီးပေါ်မှ ၁၀,၀၀၀ ကျပ် တန်ငွေစက္ကူအတု ၃,၉၇၃ ရွက် သိမ်းဆည်း ရမိခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ငါးဦးကို အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဦးစီးသည့်ပူးပေါင်းအဖွဲ့သည် “ငွေစက္ကူအတု ကျပ်သိန်း ၄၀၀ အား ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း” သတင်းရရှိသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၊ ဖိုးရာဇာလမ်းအနီး၌ Nissan AD Van အမျိုးအစား ယာဉ်တစ်စီးအား ဖမ်းဆီးရှာဖွေရာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၃,၉၇၃ ရွက် နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါငွေစက္ကူအတုများအား ပဏာမစိစစ်ရာ ငွေစက္ကူအစစ်ထက် အလျား ၂ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီ မီတာ တိုခြင်း ၊ ရုပ်ပုံ/တန်ဖိုးရေစာများ ပုံရိပ်သာပါရှိခြင်း ၊ ကာလာပရင်တာ နည်းဖြင့် တုပထားခြင်းဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ယာဉ်ပေါ်ပါ ဖမ်းမိခဲ့သော အမျိုးသား ငါးဦးကို စက်မှုနယ်မြေရဲစခန်း (ပ) ၅၅၁/၂၀၁၉၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၆/၁၀၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117