Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁,၄၀၀ကျော်ဖြစ်ပွားပြီး ကျပ် သိန်းပေါင်း ၃,၆၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁,၄၉၁ မှုဖြစ်ပွားကာ သေဆုံးသူ ၄၆၆ ဦး၊ ဒဏ်ရာရရှိသူ ၂,၅၃၁ ဦးရှိခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုများကြောင့် ကျပ်သိန်းပေါင်း ၃၆၅,၉၉၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ယာဉ်တိုက်မှုအများဆုံးဖြစ်သည့် မုံရွာမြို့သည် တစ်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၃၄၉ ကြိမ်ဖြစ်ပွားပြီး ကျပ်သိန်းပေါင်း ၇၀၀ကျော် ဆုံးရုံးခဲ့ပြီး ဒုတိယ ယာဉ်တိုက်မှု အများဆုံးဖြစ်သည့် ရွှေဘိုမြို့တွင် ယာဉ်တိုက်မှုပေါင်း ၂၅၈ ကြိမ်ဖြစ်ပွားကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် သိန်းပေါင်း ၄၀၀ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တတိယယာဉ်တိုက်မှုအများဆုံးဖြစ်သည့် စစ်ကိုင်းမြို့တွင် ယာဉ်တိုက်မှု ၂၂၆ ကြိမ်ဖြစ်ပွားကာ ကျပ်သိန်းပေါင်း ၈၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117