Connect with us

MYANMAR

မြန်မာနိုင်ငံ ၏ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထုတ်ပြန် 

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပံုံ--မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၏ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် သတင်းအမှားများ၊ ဝါဒဖြန့်မှုများ ကိုရှောင်ကြဉ် နိုင်ပါရန် နှင့် လိုအပ်ပါက ကုန်သည်စက်မှုအသင်းချုပ် နှင့် သော်လည်းကောင်း၊ အသင်းချုပ်၏ ညီနောင်အသင်းများ နှင့် ကုန်စည်ဒိုင် များ အားတိုက်ရိုက်ဆက်သွယ်မေးမြန်းရန် မေတ္တာရပ်ခံချက်အား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသင်းချုပ် ၏ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထံတွင် ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် ဆန်ဝယ်ယူရရှိနိုင်သည်ဆို သည့်သတင်းအား လူမှုကွန်ယက်မှ နေ့စဉ်တင်ပေးရန်၊ ကုန်စည်ဒိုင် နှင့် အရောင်းဆိုင်များ အားလုံးမှ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ပါဝင်စေလိုကြောင်း မေတ္တာရပ်ခံချက်ထဲတွင်ပါရှိသည်။ထို့ပြင် စက်ပိုင်၊ ကုန်သည်ကြီးများ နှင့် ကုမ္ပဏီကြီးများ အနေဖြင့် မိမိလက်ဝယ်ရှိဆန်ကို ကုန်စင်အောင် ရောင်းချခြင်းမပြုဘဲ မိမိဒေသအတွက် တာဝန်သိစွာဖြင့်  ထိုက်သင့်သောပမာဏ ကို အရန်ဆန်အဖြစ် သိမ်းဆည်း ထားရှိပေးရန်၊ ကျေးလက်ဒေသဆန်စပါးစိုက်ပျိုးသော တောင်သူလယ်သမားများ နှင့် ကျေးရွာများ တွင် နေထိုင်သူများအနေဖြင့် လူစုလူဝေးများ၊ အလှူမင်္ဂလာပွဲများ ပြုလုပ်ခြင်း မပြုလုပ်ရန် နှင့် မိမိတို့ရွာတွင် နိုင်ငံခြားပြန်များရှိပါက ကျန်းမာရေးဌာန နှင့် အုပ်ချုပ်ရေးဌာန များ ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရေး အလေးထားပေးရန် မေတ္တာရပ်ခံချက်ထဲတွင် ပါရှိသသည်။

အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ  ငွေကြေးလှူဒါန်းမှုများ နှင့် ဆန်အိတ်လှူဒါန်းမှုများ ကို ပါဝင်အားဖြည့် ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး၊ လိုအပ်လျက်ရှိသော နေရာများ သို့ ပေးပို့ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသေးစိတ်ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။ကုန်သည်စက်မှုအသင်းချုပ် (ရုံးချုပ်) တွင် လုပ်ငန်းများ စဉ်ဆက်မပြတ်စေရန် Contingency & Service Continuity Plan ချမှတ်ထားပြီး MRF COVID-19 Response Task Force ကိုဖွဲ့စည်းကာလုပ်ငန်းများ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးများ နှင့် လူပုဂ္ဂိုလ်အချင်းချင်း ထိတွေ့မှုများ ကို မပြုလုပ်ဘဲဖုန်း၊အွန်လိုင်းစနစ်တို့ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံချက်တွင် ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117