Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီး တွင် အတာသင်္ကြန်ပိတ်ရက်  (၁၀) ရက်အတွင်း နေအိမ်တွင်နေထိုင်ခြင်းဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ရေး ကြပ်မတ်ဆောင်ရွက်မည် 

ရန်ကုန်မြို့တွင် COVID-19 ကာကွယ်ရန် နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကို ကာကွယ်ထိန်းချုပ်ရန် သင်္ကြန်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ ရက် အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စများ နှင့် အစားအသောက်ဝယ်ယူခြင်းကိစ္စရပ်များမှ လွဲ၍ နေအိမ် ပြင်ပသို့ ထွက်ခွါသွားလာခြင်းမပြုလုပ်ဘဲ မိမိ၏ နေအိမ် တွင် (Home Stay) နေထိုင်ခြင်း ဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဧပြီ ၄ ရက်တွင် ဆင်ဟွာကို ပြောသည်။

နော်ပန်းသဉ္ဇာမျိုးက “ဒီလိုလုပ်မှ COVID-19 ကို ကာကွယ်နိုင်မယ်လို့ ယူဆလို့ ပါ။ ဒီလိုလုပ်မှ COVID-19 ကိုထိန်းနိုင်မယ် လို့ယူဆလို့ပါ။’’ ဟုဆင်ဟွာကိုပြောသည်။

COVID-19 ရောဂါ နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်နေသူများ မှ အပ ပြည်သူများ အနေဖြင့် သင်္ကြန်ရုံးပိတ်ရက်ကာလ များတွင် Home Stay နေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး Corona Virus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက COVID-19  ကာကွယ်ထိန်းချုပ်ကုသရေး  ခရိုင်/မြို့နယ်အဆင့် လုပ်ငန်း ကော်မတီအားလုံးသို့  အဆိုပါကိစ္စ  နှင့် ပတ်သက်၍ သိရှိလိုက်နာသွားရန် စာပို့ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.