Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တရုတ်နိုင်ငံသို့ရောက်ရှိ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အား မိန့်ခွန်း ဟောပြောပွဲ တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၂၆ ရက် မှ ၂၇ ရက် အထိ အလည်အပတ် လာရောက်မည် ကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဇန်နဝါရီလ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဂျွန်ကယ်ရီ၏ ခရီးစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ဟွာက တရုတ် နှင့် အမေရိကန် တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အခြား ဆက်စပ်လျက် ရှိသော ကိစ္စရပ်များ တွင် အမြင်ချင်း ဖလှယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယခုခရီးစဉ်ကို အမှီပြု၍ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို အားကောင်းလာပြီး နှစ်နိုင်ငံ၏ တည်ငြိမ် ကောင်းမွန်သည့် ချစ်ကြည်ရေး မြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117