Connect with us

Latin America

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၈ သောင်းကျော်အထိ ရှိလာ

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ စစ်ဆေးရန် စောင့်ဆိုင်းနေသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ တွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂၀,၂၅၇ ဦး တိုးမြင့်ခဲ့ပြီး ယခုအခါ  စုစုပေါင်း ကူးစက်ခံရသူ  ၂,၁၁၈,၆၄၆ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ထို့ပြင် ထပ်မံသေဆုံးသူ ၆၃၂ ဦး ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၈၀,၁၂၀ ဦး အထိ မြင့်တက်လာခဲ့ကြောင်း နှင့်  ရောဂါ မှ ပြန်လည်သက်သာ ကောင်းမွန်လာသူ ၁,၄၀၉,၂၀၂ ဦး ရှိ ကြောင်း ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

လက်ရှိတွင် ကမ္ဘာပေါ် ၌ ဘရာဇီး နိုင်ငံသည် COVID-19 ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးသူ ဦးရေ ဒုတိယ အများဆုံးနိုင်ငံအဖြစ် အမေရိကန် နိုင်ငံ နောက်တွင် ရပ်တည်နေသည်။ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်း အရ ဆောပိုလို ပြည်နယ်သည် ကပ်ရောဂါ အဆိုးရွားဆုံး ခံစားနေရသည့် ပြည်နယ် ဖြစ်ပြီး ယင်းပြည်နယ်တွင် ကူးစက်ခံရသူ ၄၁၆,၄၃၄ ဦး ရှိကာ သေဆုံးသူ ၁၉,၇၈၈ ဦး ရှိကြောင်း ၊ Ceara နှင့် ရီယိုဒီဂျနေရိုး ပြည်နယ် များတွင် ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းလေးသောင်း ကျော် ရှိကြောင်း သိရသည်။

ဘရာဇီး နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ပြီးခဲ့သော လပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ရောဂါကူးစက်ခံရကြောင်း နှင့်  ယခု ဇူလိုင်လဆန်းပိုင်းတွင်လည်း ဘရာဇီးနိုင်ငံ သမ္မတ ကိုယ်တိုင်  COVID-19 ကူးစက်ခံကြောင်း ဖော်ပြထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117