Connect with us

Europe

အမေရိကန် ပြည်သူ သုံးပုံနှစ်ပုံက အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ ကိုင်တွယ်ပုံသည် အခြားနိုင်ငံများ လောက် မကောင်းကြောင်း ယူဆ

အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း နှာခေါင်းစည်း တပ်၍ သွားလာ နေသူများ ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ NPR အသံလွှင့်ဌာန နှင့် Ipsos group တို့သည် သြဂုတ် ၄ ရက် က ပူးပေါင်းစစ်တမ်း ကောက်ယူမှု တစ်ရပ် ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းစစ်တမ်းတွင် အမေရိကန်ပြည်သူ သုံးပုံနှစ်ပုံက အမေရိကန် နိုင်ငံ အနေဖြင့် COVID-19 ရောဂါ အား ကိုင်တွယ်ဖြေရှင်းရာ တွင် အခြားနိုင်ငံ ၏ ဆောင်ရွက်မှု လောက်မကောင်းဟု ယူဆကြောင်း ဖော်ပြခဲ့သည်။

စစ်တမ်း အရ ဖြေဆိုသူ ၄၁ ရာခိုင်နှုန်းက အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းသည့် ပုံစံ သည် အခြားနိုင်ငံများ နှင့် နှိုင်းယှဉ် လျှင် လွန်စွာ ဆိုးရွားသည် ဟု ယူဆကြောင်း ၊ ၂၅ ရာခိုင်နှုန်းသော သူများ က အခြား နိုင်ငံ နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ဆိုးရွားသည် ဟု ယူဆကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ကိုယ်တွယ်ဖြေရှင်းပုံ က ပိုမိုကောင်းသည် ဟု ယူဆသူများ က ၃၀ ရာခိုင်နှုန်းအောက် သာ ရှိကြောင်း သိရသည်။

နိုင်ငံရေးပါတီ အရ ခွဲခြားကြည့်မည်ဆိုပါက စစ်တမ်းဖြေဆိုသော ၈၅ ရာခိုင်နှုန်းသော ဒီမိုကရက်တစ် ပါတီဝင် များ က အမေရိကန်အစိုးရ ၏ ကိုယ်တွယ်ဖြေရှင်းပုံ သည် အခြားနိုင်ငံများလောက် မကောင်းဟုယူဆ ခဲ့ကြပြီး ရီပတ်ဘလစ်ကန် ပါတီဝင် နှင့် တသီးပုဂ္ဂလပါတီဝင်များကမူ အမေရိကန် နိုင်ငံသည် အခြားနိုင်ငံလောက် ဆောင်ရွက်ချက် မကောင်းဟု ယူဆသည့် ရာခိုင်နှုန်း မှာ ၄၄ ရာခိုင်နှုန်း နှင့် ၆၆ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရသည်။

COVID-19 ရောဂါ အား တားဆီးရန် အတွက် ဆောင်ရွက်ရာ တွင် ရာခိုင်နှုန်း ၈၀ ကျော် သော အမေရိကန် နိုင်ငံ ပြည်သူများက အစိုးရ မှ ဘတ်ကျပ် ချထား၍ အခမဲ့ ရောဂါ စစ်ဆေးပေး သည့် အတိုင်းအတာ ကို တိုးချဲ့စေလိုကြကြောင်း ၊ ၇၅ ရာခိုင်နှုန်းသောသူ များ က သက်ဆိုင်ရာ ပြည်နယ်များ တွင် ဥပဒေ ချမှတ်ကာ အများပြည်သူ သွားလာသည့် နေရာများ တွင် မဖြစ်မနေ နှာခေါင်းစည်း တပ်စေလိုကြကြောင်း ၊ အနည်းဆုံး ၆၀ ရာခိုင်နှုန်းသော သူများ က တူညီသည့် တစ်နိုင်လုံး အတိုင်းအတာ စီးပွားရေး နှင့် စာသင်ကျောင်းများဆိုင်ရာ မူဝါဒများ ချမှတ်သွားရန် လိုအပ်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့ကြသည်။

Ipsos group ၏ စစ်တမ်းကောက်ယူမှုဆိုင်ရာ ပညာရှင် က COVID-19 ရောဂါ ကူးစက်သူဦးရေ နှင့် ရောဂါ ပြန့်ပွားမှု အတိုင်းအတာ အရ ဆိုလျှင် အမေရိကန် နိုင်ငံ ၏ အခြေအနေ သည် လွန်စွာ ဆိုးရွားကြောင်း ၊ အမေရိကန် ပြည်သူများအနေဖြင့် ထိရောက် ပြီး ကျယ်ပြန်သည့် ဆောင်ရွက်မှု ကို တွေ့ရှိလိုကြကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ စစ်တမ်းကောက်ယူမှု ကို ဇူလိုင် ၃၀ ရက် နှင့် ၃၁ ရက် တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ ရှိ အရွယ်ရောက်ပြီး သူ ၁,၁၁၅ ဦး အပေါ် စစ်တမ်းကောက်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။အမေရိကန် နိုင်ငံ သည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံ ဖြစ်ပြီး အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ သြဂုတ် ၄ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၇၅ သန်းကျော် ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၅၆,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.