Connect with us

Europe

မန်ချက်စတာစီးတီးက ဗလန်စီယာ လူငယ်ကစားသမား တောရက်စ်ကို လက်မှတ်ထိုး ခေါ်ယူ

မန်ချက်စတာစီးတီးအသင်းက ဝယ်ယူလိုက်သော စပိန် လူငယ် တိုက်စစ်မှူး တောရက်စ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)မန်ချက်စတာစီးတီးအသင်းက ဝယ်ယူလိုက်သော စပိန် လူငယ် တိုက်စစ်မှူး တောရက်စ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးဘောလုံးအသင်းသည် စပိန်လူငယ်ကစားသမား ဖာနန် တောရက်စ်အား ဗလန်စီယာအသင်းထံမှ ငါးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်ကစားသမား တောရက်စ်သည် ပြီးခဲ့သော ဘောလုံးရာသီတွင် ဗလန်စီယာအသင်းအတွက် ၄၄ ပွဲပါဝင်ကစားခဲ့ပြီး ၆ ဂိုးအထိ သွင်းယူပေးခဲ့သည်။၎င်းသည် ၂၀၁၇ ခုနှစ်တွင် ဗလန်စီယာအသင်းကြီး နှင့်အတူ ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့ကြောင်း သိရသည်။

မန်ချက်စတာစီးတီးအသင်း နည်းပြ ဂွာဒီယိုလာက အသင်းကစားသမားတစ်ဦးကို  လမ်းညွှန်မှု ပေးနေစဉ် (ဆင်ဟွာ)

“ စီးတီးအသင်းနဲ့ တွဲပြီးကစားရမယ်ဆိုတော့ သိပ်ကို ကျေနပ်မိပါတယ် ။ ဘယ်ကစားသမားမဆို ကမ္ဘာ့ဘောလုံးအသင်းတွေထဲမှာ တိုက်စစ်အသားအပေးဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးလို အသင်းမျိုးရဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်ကစားချင်ကြမှာပါ” ဟု ၎င်းက ဆိုသည်။

တောင်ပံကစားသမား တောရက်စ်သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် စီးတီးအသင်းက ပထမဆုံး လက်မှတ်ရေးထိုးခေါ်ယူခဲ့သော ကစားသမားတစ်ဦးဖြစ်သည်။ ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ ယင်း လက်မှတ်ထိုးခေါ်ယူမှုသည် ယူရို ၂၃ သန်း (အမေရိကန် ဒေါ်လာ ၂၇.၁ သန်းကျော်) ခန့် တန်ဖိုးရှိကြောင်း ဆိုသည်။

မန်ချက်စတာစီးတီးအသင်း၏ ဘောလုံးနည်းစနစ်ဒါရိုက်တာ Txiki Begiristain က “ သူက အသက်လည်း ငယ်တယ် ၊ ဆက်ပြီး တိုးတက်နေဆဲ ကစားသမားလည်းဖြစ်တယ် ။ ဒါပေမယ့် တောင်ပံကစားသမားတစ်ဦးအနေနဲ့ကြည့်ရင်တော့ သူဟာ တကယ့်ကို နည်းစနစ်ပိုင်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦးပါ။ သူက သိပ်ကို မြန်တယ်  ၊ ပြေးလမ်းကြောင်း သိတယ်။ တစ်ချက်လှုပ်လိုက်တာနဲ့ နေရာလွတ်တွေ ဖန်တီးပေးနိုင်တယ် ၊ သူ့ရဲ့ စွမ်းဆောင်ရည်က နိုင်ပွဲတွေကို ဆောင်ကြဉ်း ပေးမယ့်အခိုက်အတန့်ပါပဲ ” ဟု ဆိုသည်။

မန်ချက်စတာစီးတီးအသင်းသည် ပြီးခဲ့သော ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သော လီဗာပူးအသင်းအောက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သော်လည်း ယင်းနှစ်သင်းအကြား အမှတ်ကွာခြားချက်သည် ၁၈ မှတ်ထိ ရှိခဲ့ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117