Connect with us

Politics, Law & Military

ပြည်ထောင်စု ကောင်ကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်း ရွေးကောက်ပွဲ ဝင်မပြိုင်၊ ပါတီအောင်နိုင်ရေး လုပ်ဆောင်မည်

ပြည်ထောင်စု ကောင်ကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်း နှင့် ပါတီဝင်များအား တွေ့ရစဉ်(ဓာတ်ပုံ- UBP ပါတီ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကောင်ကျိုးဆောင်ပါတီ  (UBP ) ဥက္ကဌ သူရဦးရွှေမန်းက ၎င်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်းခြင်းမရှိဘဲ ပါတီအောင်နိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ယနေ့ ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲ၌  UBP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကို ပါတီက ယနေ့ (သြဂုတ် ၈ ရက်)တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း ၂၆၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၃၉ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် ၅၀၃ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် UBP ပါတီက မြို့နယ် ၂၆၀ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၂၇ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် UBP ပါတီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်တစ်ခုတည်းတွင်သာ ဝင်ပြိုင်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းစာရင်းများအရ သိရသည်။

ဂွမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာတို့တွင်သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ မဲဆန္ဒနယ်အားလုံး သို့မဟုတ် အများအပြားတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ ပါတီ ဥက္ကဌ သူရဦးရွှေမန်းသည် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117