Connect with us

Education & Health

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ပြန်လည် စတင်နိုင်ရန် ကလပ်အသင်း ဘောလုံးကစားသမားများနှင့် နည်းပြများအား COVID-19 ရှိ/မရှိ စစ်ဆေး 

ကလပ်အသင်းက ကစားသမား နှင့် နည်းပြများအား COVID-19 ရှိ/မရှိ ယနေ့ swab test စစ်ဆေးမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) 

COVID-19 ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့် ရရှိနိုင်ရေးအတွက် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ဘောလုံးကစားသမားများ နှင့် နည်းပြများအား ကိုဗစ် ကူးစက်ခံထားရခြင်း ရှိမရှိ ယနေ့ ဩဂုတ် ၁၀ ရက်တွင် စတင် စစ်ဆေးခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် မီဒီယာဌာန တာဝန်ခံ ဦးရဲမင်းဝင်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ ဒီနေ့ အသင်း ၅ သင်းကို စစ်ဆေးပါတယ်။စစ်တာက ပွဲပြန်စဖို့အတွက် ကစားသမားတွေရဲ့ ကျန်းမာရေးတွေကို စစ်တာ ။ swab test စလုပ်တဲ့ သဘောပါ။ swab test ယူပြီး ဒါတွေ အားလုံး ကင်းရှင်းရင် Positive လုံးဝ မရှိဘူး ဆိုရင် ကျွန်တော်တို့က စစ်တဲ့ရလဒ်ကို ဝန်ကြီးဌာနက ကော်မတီကို တင်သွင်းမှာ။ အဲဒီကြမှ ကော်မတီက အတည်ပြုပေးမှာ။ ပြိုင်ပွဲ ပြန်ပြီး စကျင်းပဖို့ အတွက် အရေးကြီးဆုံး ခြေလှမ်းကို စပြီး လုပ်တဲ့ သဘောပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

ကလပ်အသင်းက ကစားသမား နှင့် နည်းပြများအား COVID-19 ရှိ/မရှိ ယနေ့ swab test စစ်ဆေးမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲဝင် ကလပ်အသင်းများသည် ဩဂုတ် ၉ ရက်မှ စတင်၍ Camp Quarantine စတင် နေထိုင်လျက် ရှိပြီး COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးမှုများအား ယနေ့ ဩဂုတ် ၁၀ ရက်တွင် ရတနာပုံ FC ၊ Southern Myanmar FC ၊ ဧရာဝတီ ယူနိုက်တက် Fc ၊ မကွေး FC  ၊ ရခိုင် ယူနိုက်တက် FC တို့မှ ဘောလုံးကစားသမားများ နှင့် နည်းပြ စုစုပေါင်း ၁၅၀ ကျော်အား စတင် စစ်ဆေးခဲ့ကြောင်း ၊ ဩဂုတ် ၁၁ ရက်တွင် ကလပ်အသင်း လေးသင်း ထပ်မံ စစ်ဆေးသွားမည် ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် FC အသင်းသည် ၎င်းတို့ အစီအစဉ်ဖြင့် စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

ကလပ်အသင်းက ကစားသမား နှင့် နည်းပြများအား COVID-19 ရှိ/မရှိ ယနေ့ swab test စစ်ဆေးမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကလပ်အသင်းက ကစားသမား နှင့် နည်းပြများအား COVID-19 ရှိ/မရှိ ယနေ့ swab test စစ်ဆေးမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ရကြောင်း ၊ ရောဂါပိုးရှိ၊ မရှိနှင့် ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိပါက  ပြန်လည်ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)