Connect with us

Science & Technology

တရုတ်နိုင်ငံ ချုံချင့်မြို့ မှာ မောင်းသူမဲ့ ဘတ်စ်ကား ပွဲထုတ်ပြသ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် L4 မောင်းသူမဲ့ဘတ်စ်ကား ပွဲဦးထွက်ပြသစဉ် (ဆင်ဟွာ)

ချုံချင့်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မော်တော်ယာဉ် ထုတ်လုပ်ရေးအဓိကနေရာတစ်ခုဖြစ်သော ချုံချင့်မြူနီစီပယ်တွင် အလိုအလျောက်မောင်းနှင်သည့် နည်းစနစ်များ တပ်ဆင်ထားသော အလတ်စားအရွယ် ဘတ်စ်ကားတစ်စီးကို စက်တင်ဘာ ၁၇ ရက်နေ့၌ ပွဲထုတ်ပြသခဲ့ကြောင်း သိရသည်။

အလိုအလျောက်မောင်းနိုင်သည့်ဘတ်စ်ကား L4 သည် Baidu Apollo နှင့် ပြည်တွင်းကား ထုတ်လုပ်ရေးဖြစ်သည့် King Long တို့ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Apollo သည် အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ယာဉ်ထုတ်လုပ်မှုတွင် ပူးပေါင်းလုပ်ဆောင်ရန်ရည်ရွယ်၍ တရုတ်နည်းပညာလုပ်ငန်းကြီး Baidu က ၂၀၁၇ ခုနှစ်၌ စတင်ခဲ့သော ပလက်ဖောင်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် မောင်းသူမဲ့ မော်တော်ယာဉ်ကို ခရီးသည်များနှင့်အတူ လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်ခွင့် လိုင်စင်နံပါတ်ပြားများကို ဝန်ထမ်းများက ပြသနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် L4 မောင်းသူမဲ့ဘတ်စ်ကား ပွဲဦးထွက်ပြသစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းတွင် Baidu သည် မောင်းသူမဲ့ မော်တော်ယာဉ်များကို ခရီးသည်များဖြင့် လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်ရန် ခွင့်ပြုချက်အဖြစ် မြူနီစီပယ်အစိုးရထံမှ လိုင်စင်နံပါတ်ပြား ၁၀ ခု ရရှိခဲ့သည်။
တစ်နှစ်ကြာထုတ်လုပ်တပ်ဆင်မှုပြီးနောက် ချုံချင့်မြို့တွင် အလိုအလျောက်မောင်းနှင်ရန် အခြေခံစမ်းသပ်မှုကို စက်တင်ဘာ ၁၇ ရက်နေ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်ပိုင်းတွင် Baidu Apollo သည် ချုံချင့်မြို့နှင့်အတူ မောင်းသူမဲ့ယာဉ်လုပ်ငန်းအတွက် စံတစ်ခုဖြစ်စေရန် အတူတကွ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလိုအလျောက်မောင်းနှင်သော မော်တော်ယာဉ်နယ်ပယ်ရှိ ကားထုတ်လုပ်သူများနှင့် အပိုပစ္စည်းထုတ်လုပ်သူများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) စမ်းသပ်ဝန်ဆောင်မှုနှင့် မြောက်များစွာသော အက်ပလီကေးရှင်းဆိုင်ရာ ဖြစ်စဉ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Baidu ၏ ဒုတိယဥက္ကဋ္ဌ Li Zhenyu ကပြောကြားခဲ့သည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117