Connect with us

Science & Technology

ထိုင်းနိုင်ငံက တရုတ်ကုမ္ပဏီထံ မှာယူထားသော ရထား ၇၂ စင်းအတွက် ပေးပို့မှုစတင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြေးဆွဲနေသော ရထားတစ်စင်းအား ဧပြီ ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟဲဖေ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ရထားတည်ဆောက်ရေးကုမ္ပဏီထံမှ ရထား ၇၂ စင်းကို မှာယူခဲ့ကြောင်း CRRC Puzhen Bombardier Transportation Systems Co., Ltd.(PBTS) က ဆိုသည်။

ထိုင်းနိုင်ငံအတွက် တည်ဆောက်ထားသော ရထားများအနက် နှစ်စင်းမှာ စက်တင်ဘာ ၄ ရက်တွင် အလုံးစုံတပ်ဆင်ပြီးစီးသွားပြီနောက် ယင်းရထားများကို တည်ဆောက်ရေးစက်ရုံတည်ရှိရာ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေး ပြည်နယ် ဝူဟူ မြို့မှ ထိုင်းနိုင်ငံသို့ တင်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်တွင် PBTS သည် ထိုင်းနိုင်ငံရထားသယ်ယူပို့ဆောင်ရေးအတွက် ရထားပေါင်း ၇၂ စင်းတည်ဆောက် ပို့ဆောင်ပေးရန် သဘောတူလက်မှတ်တစ်ခုရေးထိုးခဲ့ကြောင်း နှင့် ကုမ္ပဏီအနေဖြင့် စုစုပါင်း ရထား ၂၈၈ စင်းအထိ တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွက် ရထားအမှာများကို ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အပြီးအစီး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့၌ အသုံးပြုသွားမည့် အဆိုပါ ရထားများကို မောင်းသူမဲ့ အလိုအလျောက်စနစ်သုံးနည်းပညာများကို အလုံးစုံတပ်ဆင်ထားကြောင်း နှင့် ဘေးကင်းလုံခြုံမှု ၊ စိတ်ချယုံကြည်မှု နှင့် သက်သောက်သက်သာရှိမှုတို့ဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ကြောင်း PBTS က ဆိုသည်။အဆိုပါ ရထားများကို ဘန်ကောက်မြို့တွင်း ရထားပို့ဆောင်ရေး လမ်းကြောင်း နှစ်ခုတွင် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းလမ်းကြောင်းကို ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117