Connect with us

Politics, Law & Military

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ နှင့် တရားခံ (၃)ဦးဖမ်းမိ

မိုးကုတ်မြို့နယ်၌ ဖမ်းဆီးရမိသော တရားခံနှင့် မူးယစ်ဆေးဝါဒများအားတွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ နှင့် တရားခံ(၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းရထားသည့် ယာဉ်အမျိုးအစား/အရောင်/နံပါတ်တို့အရ ဒီဇင်ဘာလ ၁၅ ရက် ၊ ညနေ ၅ နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်၌ မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ISUZU ၆ ဘီးမော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇.၃၅ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘိန်းဖြူများသယ်ဆောင်လာသည့် ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မိုးကုတ်မြို့သို့ သယ်ဆောင်ရာတွင် တာဝန်ခံသယ်ဆောင် လာသည့် ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာသည့် AD VAN အမျိုးအစားမော်တော်ယာဉ်သည် ရှေ့မှမောင်းနှင်သွားကြောင်းသိရှိရသဖြင့် ညနေ ၆ နာရီခန့်တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန် ရှေ့တွင် ယင်း တရားခံများအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းထပ်မံဖမ်းဆီးရမိသူများထဲမှ တစ်ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂,၀၀၀ ပြားနှင့် ဘိန်းဖြူ ဝ.၂ ကီလို ဖမ်းဆီးရမိသည့်အမှုမှ မူးယစ်ဆေးဝါးများသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117